Professional Authors

နှစ်ယောက်ရေးတဲ့ လက်ရေးလက်သားတွေ မှင်ကုန်သွားတဲ့အခါ-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Calibri”,”sans-serif”;}

နင်ဟာ ငါ့ရဲ့လှိုက်လောင်နေတဲ့ ရှင်သန်ခြင်းဆိုလည်း မမှားဘူး

တစ်နေ့နေ့သေဆုံးသွားရမယ်ဆိုတာ ငါသိတယ်

နင်ဟာ ငါခြစ်ခြစ်ထုတ်လေ့ရှိတဲ့ မီးတောက်လေးဆိုလည်း မမှားဘူး

မိနစ်ပိုင်းအတွင်း ငြိမ်းသတ်သွားရမယ်ဆိုတာ ငါသိတယ်

 

ငါတို့ရဲ့ လင်သေသားသေပြဇာတ်ဆန်ဆန် အခန်းမှာ

အချိန်ဟာ မုယောစေ့လေးတစ်စေ့စာတောင် မကျန်တော့ဘူး

တစ်ခဏတာအတွင်း အပေါ်ယံအခွံကို ဖောက်ထွက်လာတော့မယ်

           

ငါတို့တွေ ခေတ်အဆက်ဆက် အသက်တွေကြီးရင့်လာတဲ့အခါ

အပျင်းပြေ ပြန်လည်ဖြည်ကြည့်ကြဖို့ မီးသဂြိုလ်ပြီးသား

ရယ်သံခပ်ပါးပါးလေးတွေကို ဆေးစိမ်ကြပ်စည်းထားရမယ်

 

ပွေ့ဖက်ဆက်ဆံပစ်လိုက်ခြင်းတွေကို ကုတင်ပေါ်မှာ ကမ္ဗည်းတင်ပစ်မယ်

နှစ်ယောက်သား အာသာပြေပျောက်သွားတဲ့အခါ နွမ်းနယ်ခြင်းတွေက အမှတ်တရဖြစ်လို့

 

နီးလျက်နဲ့ ဝေးကွာနေကြတဲ့ ငါတို့ဟာ

မြစ်တစ်စင်းစီ ခြားနားနေကြတဲ့ ငါတို့ဟာ

မှုန်ပျပျ ကြယ်ရောင် လရောင်တွေ အောက်မှာ

တစ်ယောက်ကိုတစ်ယောက် စူးစိုက်ငေးရီကြရင်း

ရောက်လာတော့မယ့် အချိန်ကိုနာကျင်စွာ စောင့်ဆိုင်းလို့နေခဲ့

 

အဲ့ဒီ့လို မထိတထိနာကျင်ရတာတွေကို ငါမုန်းတယ်

နင်ဟာ တစ်ကိုယ်လုံး အနက်ရောင်ဝတ်ဝုံ ၀တ်ထားတယ်

ခါးသက်တဲ့ အထိအတွေ့တွေလောက်  

တိတ်ဆိတ်တဲ့ အထီးကျန်ခြင်းတွေလောက်

နာကျင်ခံစားရတာ ဘာရှိဦးမလဲ

 

ဆုတောင်းပြည့်တဲ့လူတွေကိုမြင်တိုင်း ဆုတောင်းမပြည့်တဲ့လူတွေက

ဘုရားသခင်ကို fucking လုပ်ပစ်ချင်တာ အင်မတန်မှလူသားဆန်တဲ့ ကိစ္စပဲ

 

ကျန်နေတဲ့အချိန်လေးမှာ စီးကရက်ငွေ့တွေနဲ့

အလွန်မြတ်နိုးသော ရုပ်ပုံလွှာကို နှလုံးအိမ်မှာ ရိုက်နှိပ်ပစ်လိုက်တော့မယ်

ဒါဟာ ထာဝရဆိုတဲ့အရာတွေ ထာဝရရှင်သန်နေနိုင်အောင်ပါ…ဆူး…ရေ။ 

                                                                        ရွှေ ကြယ် မိုး

In: ကဗျာ Posted By: Date: Dec 11, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment