ဒါလား အချစ်…..
ဒါလား…အချစ်
တစ်ယောက်တည်း ကြိတ်ချစ်တုန်းက
တစ်ဖက်သတ်လွမ်းရတယ်….
သူကချစ်လာပြန်တော့ မတွေ့ရလို့လွမ်းရတယ်….
တစ်ဖက်သတ် ချစ်နေတုန်းက
ဒဏ်ရာတွေအများကြီးပေးတယ်
သူကချစ်လာပြန်တော့… .. ဘာမှန်းမသိတဲ့
ဝေဒနာတွေပေးလာပြန်တယ်……….
တစ်ဖက်သတ် ချစ်နေတုန်းက
စကားလုံးတိုင်းမှာ နာကျင်ရတယ်
သူကချစ်လာပြန်တော့… စကားလုံးအမှားတွေကြား
နာကျင်ရပြန်တယ်…..
တစ်ဖက်သတ် ချစ်နေတုန်းက
အိပ်မက်တွေတိုင်းမှာ သူပါတယ်………
သူက ချစ်လာပြန်တော့…
သူ့အိပ်မက်တိုင်းမှာ ကိုယ်မပါမှာကိုစိုးရပြန်တယ်………
ဒါလား…အချစ်
တစ်ဖက်သက်ပဲ ချစ်ချစ်
နှစ်ယောက်စလုံးကပဲချစ်ချစ်
သူသိအောင်ပဲချစ်ချစ်
သူမသိဘဲ တိတ်တိတ်လေးချစ်ချစ်….
ဘယ်လိုပဲချစ်နေပါစေ….
တကယ်တော့ …
အချစ်ဆိုတာ………
ဝေဒနာတွေရဲ့အရင်းအမြစ်…
ဒဏ်ရာတွေရခြင်းရဲ့ တရားခံ…..
ပူလောင်ရခြင်းရဲ့ အရှင်သခင်….
နာကျင်ရခြင်းရဲ့ ဘက်တော်သား….
အလွမ်းတွေရဲ့ ပိုင်ရှင်….
ဘယ်လိုပဲချစ်ချစ်…
ချစ်ပြီဆိုရင်တော့
ခံ ရဖို့သာပြင်ထားပေတော့……..။ ။
Comment #3
So nice:-)
By: thar gyi at Nov 18, 2011
Comment #4
change name?
By: ei lay at Nov 21, 2011
Comment #5
ဟုတ်တယ်ဗျ…
နာမည်အရင်းနဲ့ပဲရေးတော့မလို့လေ..
By: ရဲနောင် at Nov 22, 2011
Comment #6
anyway,,great
By: ei lay at Nov 22, 2011
Comment #8
Love
By: ei lay at Jan 18, 2014




Comment #1
ha,,ha,,
ha,,ha,,
100% right.
i can’t stop laughing.