Professional Authors

အလွမ်း

နှစ်ကိုယ်သာသိ
ရင် ထဲရှိရုံနဲ့
ပြီးပြည့်စုံနေပြီလား…?

မမေးနဲ့ ဆိုလည်း
မမေးဝံ့ပါ…
ရှုံးတဲ့သူမို့
ပြုံးမပြမှာတောင်
စိုးရိမ်နေမိတယ်…

ဒါပေမယ့်လည်း
လွမ်းမိတယ်…နွယ်

မှေးမှိန်နွမ်းလျ
လွမ်းတဲ့စိတ်ကြောင့်
အိပ်မက်တွေလည်း
မလှဘူး…

ချစ်မိုးမရွာ နှင်းမြူမကင်း
အလွမ်းသင့်တဲ့ အေးစက်စက်
မနက်ခင်းမှာ…
အလွမ်းတွေနဲ့ နိုးထခဲ့တော့
အချစ်ပန်းလည်း
ပွင့်လန်းဖို့တောင် အခွင့်မရှိ (အားမရှိ) လို့
အနားလာပြီး ကြည့်လှည့်ပါ…

အလွမ်းဒဏ် ရာ
ထိုဒဏ်အားကြောင့်
မပွင့်မလန်းပဲ
အချစ်ပန်းလည်း
နွမ်းရမြဲပါ…နွယ်

!!@@##

In: ကဗျာ Posted By: Date: Mar 7, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment