Professional Authors

မော်လမြီုင် နဲ.မြန်မာ လူငယ်ဖိုရမ်

ဟိုတကွက် ဒီတကွက်
မြို့ ပြကွက် အကျပ်အညပ်ထဲမှာ
တဲအိမ်ငယ်တချို့ အသက်ရှူ ကျပ်နေဆဲ။
မြစ်ကြီးရဲ့မာယာအချိုးအကွေ.မှာ
ဘ၀တွေကိုခဲရာခဲဆစ် သယ်ပိုးလို.
သံလွင်တံတားကြီးလည်းခရီးဆက်နေဆဲ။
သံဖြူ ဇရပ်နဲ. စစ်သင်္ချိုင်း
သေမင်းတမန် နဲ.စက်ဆဲ
စိမ်းလိုက်ပြာလိုက်ဝါလိုက်
ညို.လိုက် ပျောက်လိုက်နဲ.
တောင်တွေရဲ.သဘာဝစရိုက်ပေါ်မှာ
ငြိမ်းချမ်းရေးရွှေဝါရောင်အနားကွပ် တွေနဲ.
ရာမညရဲ. ရာဇ၀င်အဆက်ဆက်ကို
မပျက်တမ်း ပြောပြနေလေရဲ.။
မော်လမြိုင်ရေ
အနာဂါတ်ရဲ. သံပြိုင်တေးသွားတွေအတွက်
သင့်ရင်ဘတ်ပေါ် ငါတို.ရောက်ခဲ.တယ်။
ဒီခရီးဟာ
လွတ်လပ်ခြင်းရဲ.နိဒါန်း
ဒီမိုကရေစီရဲ. ထွက်ပေါက်
ငြိမ်းချမ်းရေးရဲ.နိမိတ်
ယုံကြည်ချက်တို.ရဲ.မောင်းနှင်ရာ
နှလုံးသားတို.ရဲ.ကဗျာပဲပေါ့။
မစိုးရိမ်ပါနဲ.မော်လမြိုင်
သင့်သန်.ရှင်းရေးအတွက်
အတ္တကို
ရန်ကုန်ဘူတာကြီးရဲ.အမှိုက်ပုံးတွေထဲ
စိတ်တူကိုယ်တူ
စွန်.ပစ်ခဲ့ပြီးပါပြီ။          ။
                              ဝေယံအောင်(ဓါတုဗေဒ)

In: ကဗျာ Posted By: Date: Mar 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment