Professional Authors

မတည့်တဲ့ အိမ်

မနက်ဖြန် အိမ်ပြန်မယ်လို့
စိတ်ကူးလိုက်တိုင်း
ပြန်လာရမယ့်ရက်ကို ကြိုတွေးနေလို့
ဒါနဲ့ပဲ..
အိမ်နဲ့ ကျွန်တော် အဝေးဆုံးနေရတယ်…….။ 
မိသားစု ထက်
ကျွန်တော် ကျန်တာတွေကို
အရေးကြီး ချင်ယောင်ဆောင်နေရတယ်…..။
အိမ်လွမ်းတဲ့နေတွေကို
အိမ်လည်းမသိဘူး
အမေလည်း မသိဘူး
ချစ်သူလည်းမသိဘူး…
နှလုံးသားနဲ့ ပဲ နေ့တိုင်း ခံစားထားလို့..ပါ..။
.
ဒါပေမယ့်
အဝေးရောက်သားတိုင်းတော့
ကျွန်တော့် အဖြစ်ကို နားလည် ကြလိမ့်မယ်ထင်တယ်…။
.
အိမ်ကို လွမ်းတယ်…..။ 

In: ကဗျာ Posted By: Date: Mar 3, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment