Professional Authors

စကားစစ်

နင့်ရဲ့ရင်ထဲကတနေရာကို…၀င်ကြည့်ခွင့်ရနိုင်ဖို့…
ကိုယ့်ဘ၀ကိုယ် spy လုပ်ပြီး…
သန်းခေါင်ကျော်တဲ့ညတွေ….
တခုပြီးတခု… အစဖျောက်ပစ်ရတယ်…။

ကိုယ်လုပ်တဲ့ဇာတ်…ကိုယ်မနိုင်တဲ့… ဇာတ်ဆရာလို…
လိုက်ကာနောက်..၀င်ပုန်းနေရုံနဲ့…
ပြီးသွားနိုင်တာမှ..မဟုတ်တာပဲလေ…။

ဘယ်သူဖြတ်ဖြတ်….တန်းထားတဲ့ကြိုးက…
ပျက်တယ်ဆိုပေမယ့်…
ကပ်ကြေးကိုင်ခွင့်ရတဲ့သူက…သာတာပဲ…။

ငါက..ကပ်ကြေးမကိုင်ချင်ပါဘူး..
တိပ်တခွေနဲ့….ကော်တစ်တောင့်ဆို…လုံလောက်တယ်လို့ပဲပြောမလား..။

ဇာတ်ညွှန်းဆရာဘယ်သူမှန်းမသိတဲ့….ရုပ်ရှင်မှာ…
ကိုယ်မကြိုက်တဲ့အခန်း…….မျက်ရည်ကျခံပြီးကရတဲ့ဘ၀ကို…
ဘယ်သူက…ကျေနပ်မှာတဲ့လဲ…??

ကံကြမ္မာကို..ရင်ဆိုင်…အာခံရတာ..
လွယ်တယ်မှတ်လို့လား…

မျက်နှာတခု…ပါးစပ်တပေါက်ထဲနဲ့…
သိက္ခာတခုလုံးအပေါင်ခံပြီး….ယုံကြည်မှုကို… အော်ရောင်းရတာ…

အတွေးတော့..ချော်မသွားလိုက်နဲ့…

တရားရုံးမှာ..အစစ်ခံရတဲ့..တရားခံလိုပဲ..
စကားလုံးတိုင်းက..သက်သေဖြစ်နေတော့မှာ

ကတိတလုံးက….မင်းနဲ့မင်းရဲ့သိက္ခာထက်..တန်ဖိုးရှိနေတယ်ဆိုရင်..
ကိုယ့်စကားကိုယ်….ရှက်တတ်သင့်တယ်ကွယ် …။

In: ကဗျာ Posted By: Date: Feb 2, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment