Professional Authors

ငါကျေနပ်တယ်

တစ်ချက်ထဲနဲ့ အလဲထိုးခံရတာ
အသည်းထဲအထိ နာတယ်..၊
ရင်ခွဲရမှ ကျေနပ်မယ်ဆိုရင်လည်း
အသေသတ်ခွင့် ရှိတယ်..၊
ဖမ်းမိတဲ့ သားကောင်ဆိုတော့လည်း
မင်းအလိုအတိုင်းပါပဲ….။

မင်းအတွက် ခြစ်ကုပ်ပြီးဆုထားတဲ့
မေတ္တာ တရားတွေက
ငါ့ရင်ထဲမှာ အပြည့်ပဲ..၊
မျက်ကန်းတွေထက်သာတာဆိုလို့
မျက်လုံးပါတာပဲရှိမယ်..၊
တကယ်တော့…
မျက်လုံးဖွင်ပြီး အိပ်စက်နေခဲ့တာ
အတော်ကြာပြီလေ…။

နွေးထွေးမှုဆိုတာက အယောင်ဆောင်
နင်တောင်မှ ခံစားမှုရှိတယ်ဆိုရင်..
ငါဘယ်လိုခံစားနေမလဲ တွေးတော့..၊
နေဝင်မှမြင်ရတာ ဆည်းဆာ.
ငါသေမှ မြင်ရမှာ နင့်မေတ္တာ ဆိုလည်း
နင်သာပျော်နေရင်
ငါကျေနပ်တယ်….။

ဇော်သက်ဦး

In: ကဗျာ Posted By: Date: Aug 2, 2011
Comment #1

good…. keep try your best.

commentinfo By: May Kha at Aug 2, 2011
Comment #2

မျက်ကန်းတွေထက်သာတာဆိုလို့
မျက်လုံးပါတာပဲရှိမယ်..၊

နေဝင်မှမြင်ရတာ ဆည်းဆာ.
ငါသေမှ မြင်ရမှာ နင့်မေတ္တာ ဆိုလည်း
နင်သာပျော်နေရင်
ငါကျေနပ်တယ်….။

လုပ်ထားဗျ……မိုက်လာပြီ…..အားပေးသွားပါတယ်။

commentinfo By: terry at Aug 2, 2011
Comment #3

အားပေးခဲ့တရ်နော်မောင်လေး.. ကြိုးစား.
ကဗျာလေးတွေလည်းများလာတရ်..
အရမ်းလည်းကောင်းလာတရ်…

commentinfo By: sandi at Aug 2, 2011
Comment #4

အားပေးတဲ့သူတွေကိုကျေးဇူးပါ။

Comment #5

နေဝင်မှမြင်ရတာ ဆည်းဆာ.
ငါသေမှ မြင်ရမှာ နင့်မေတ္တာ ဆိုလည်း
နင်သာပျော်နေရင်
ငါကျေနပ်တယ်….။

commentinfo By: မယ်မနော at Aug 2, 2011
Comment #6

(မျက်လုံးဖွင့်ပြီး……အိပ်ကြည့်စမ်းပါအချစ်ရယ်) သီချင်းလေးကိုတောင် သွားသတိရမိတယ်ဗျာ။ ကဗျာကောင်းလေးပါ အားပေးသွားပါတယ် ။

commentinfo By: X - ray at Aug 3, 2011
Comment #7

တကယ်ကောင်းတယ်ဗျာ အားပေးသွားတယ်နော် ကြိုးစားထားဗျာ

commentinfo By: ခက်ဆစ် at Aug 6, 2011
Comment #8

ကောင်းကွာ..တစ်ပုဒ်လုံး 🙂

commentinfo By: နတ်သမီး at Aug 14, 2011
Comment #9

ကျေးဇူးအထူးတင်ပါတယ်ဗျာ…..။

Comment #10

ကြိုက်တယ်ဗျာ ….
အားပေးနေပါတယ် …..

commentinfo By: Thet Swe Lynn at Feb 2, 2012
Comment #11

Noone is important than u.

commentinfo By: ei lay at Oct 2, 2012
Comment #12

Everything is as u wish.

commentinfo By: ei lay at Nov 30, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment