Professional Authors

စောင့်နေသူ

အားလုံးကိုချစ်တယ်မမျှော်လင့်ပဲ မျှော်လင့်ခြင်းလတစ်စင်း မင်းမျက်ဝန်းက
ငါ့အတွက်ဖန်ဆင်းပေးခဲ့တယ် အမြတ်တနိုးထားချင်စရာ
မင်းရဲ့အပြုံးတွေက ငါ့ရဲ့နှလုံးသားကို တစ်ချက်ထဲနဲ့
ယိုင်လဲစေခဲ့တယ် ဘယ်လိုရပ်တည်ရမလဲ ချစ်သူရယ်
နူးညံ့တဲ့နှလုံးသားနှင့်မို့ တစ်ခါတစ်လေမှာ ကျလုလုဆဲ
မျက်ရည်တွေအတွက် ကောင်းကင်ကို မော့ကြည့်ဖြစ်တာ
အကြိမ်ပေါင်းမနည်းတော့ဘူးလေ ခံစားစေတာတွေသာ
ဆုံဆည်းစရာတွေ ဆိုရင် ချစ်သူ ဒဏ်ရာတွေ နှင့်
ငါစောင့်နေမှာပါ…………….ချစ်သူ………..

In: ကဗျာ Posted By: Date: Jul 29, 2010
Comment #1

ဒဏ်ရာတွေနဲ့ ငါစောင့်နေမှာပါ ချစ်သူ တဲ့…
တကယ်လှတဲ့စာသားလေးပါပဲဗျာ..။
ချစ်သူကြောင့်ဒဏ်ရာရထားတာလား..
ဘ၀ကြောင့် ဒဏ်ရာရထားတာလား…
ညနေခင်းတွေကြောင့်လား..
မနက်ခင်းတွေကြောင့်လား…
ကျနော်က ဒဏ်ရာဆိုတဲ့အသံကြားရင် သိပ်ပီးစိတ်ဝင်စားမိတယ်လေ…။
ဆိုတော့….
ဘယ်လိုဒဏ်ရာလဲ…
သူရဲကောင်းတို့ရဲ့ ကိုယ်မှာ ရထားတဲ့ အများအတွက်စတေးခဲ့တဲ့ ဒဏ်ရာလား..
ကားကြောင့်လား…
ဘင်ကားတစ်စီးတော့ သိန်းငါးရာဆိုပဲ…။
ထားပါ…
ဒဏ်ရာရထားလျက်နဲ့ စောင့်နေတဲ့ အချစ်သမားတစ်ယောက်ကို တွေ့ ဖူးသွားပီး…
ဆက်စောင့်ပါလေ…
ဆက်စောင့်နိုင်စေ….

commentinfo By: fox at Jul 29, 2010
Comment #2

ဟုတ်တယ်ကိုယ့်လူရေ ဒဏ်ရာရထားတာ …အချစ်ကြောင့်ပါ..အရမ်းချစ်တဲ့ချစ်သူနဲ့ဝေးခဲ့ရတာ သူထားခဲ့တဲ့ဘ၀မှာ ပျော်သလိုနေနေရတာပါ.

commentinfo By: အလင်းရောင် at Jun 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment