Professional Authors

ဆုတောင်း

ငါ အိုသွားသော်
ငါ၏ရုပ်ရည် တပြားသားမလျော့ လှမြဲလှဆဲ ချောစေသတည်း။

ငါအိုသွားသော်
ငါ၏ချစ်သူ ငါ့အနားရှိ၍ ငါ့အလိုမှန်သမျှ ဖြည့်နိုင်စေသတည်း။

ငါအိုသွားသော်
ငါ၏ကဗျာ ငါ့စာသားနှင့် ငါ့အကြောင်းများ လူ့ ပြည်နတ်ပြည်
ဘုံအဆင့်ဆင့်ထက် ပြည့်လျှံကျော်ကြား
အားပေးကူညီ ပရိတ်သတ်များ အပုံအပင် ပွား.. များစေသတည်း။

ငါအိုသွားသော်
ငါ၏ အဖေ
ငါ့အမေနှင့် မိသားစုအား ချစ်ခင်မြတ်နိုးပိုက်ထွေးယုယ
နွေးထွေးခြင်းများ ပေးနိုင်စွမ်းသူ
ဖြစ်လာပါစေသတည်း။

ငါအိုသွားသော်
ဘီးဘူးနက္ခတ်ဖွား အထီးကျန်လူသား ငါ့ဘ၀၏ နာကျင်ခြင်းများ
တငွေ့ ငွေ့ နှင့် တဖြေးဖြေးသာ ကျွမ်းလောင် ဆွေးမြေ့ 
ဒဏ်ရာအသွား လျော့နည်း ညှက်ညော၍ ဖြေသာနိုင်ပါစေသတည်း။


ငါ..
….. သေ
……………. သွား
………………………. သော်

ငါ၏ မုတ်သုန် ၊ ငါ့ချစ်သူနှင့် ဆုံစည်းပျော်မြူး ကြည်နူးရပြီး
ကြေကွဲဝမ်းနည်းဖွယ်အတိနဲ့
လူ့ ဘဝမှ ငါ၏ငိုကြွေးမျက်ရည် တို့  ခမ်းခြောက်ကာ
ပူလောင်ခြင်းအတိတ်ဆိုးများ
ကွယ်ပျောက်မှေးမှိန် ပျက်သုန်းစေသတည်း။

In: ကဗျာ Posted By: Date: Jan 25, 2014
Comment #1

Wow
Wow
Wow

commentinfo By: ei lay at Jan 25, 2014
Comment #2

တယ်ကောင်းတဲ့ ဆုတောင်းပါလား မမိုး..၊ အားပေးလျက်ပါဗျာ..၊

commentinfo By: ဇော်သက်ဦး at Jan 25, 2014
Comment #3

ကြိုက်တယ်

commentinfo By: winkokonaing at Jan 27, 2014
Comment #4

မရေ ကဗျာတွေမဖတ်ရတာကြာပီ 🙂

commentinfo By: Than Yaw Zin at Feb 4, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment