Professional Authors

“Not Creation”

“Not Creation”

အမြဲတမ်း သတိအနေအထားနဲ့

တမ်းတခြင်းတွေ ဆုံးမနေခဲ့လည်း…..

မေ့ပစ်သင့်သမျှအရာတိုင်းမှာ ကိုယ့်ရင်ခုန်သံတွေက ထပ်ကြပ်မကွာ….

အမှတ်တရတွေသာ အိုစာသွားတယ်

အမှတ်သည်းခြေတွေကတော့……တခါမှ ဟောင်းနွမ်းရာတွေ ဖြစ်မလာခဲ့….။

 

ကိုယ် အမုန်းဆုံး…. နားလည်ပေးရခြင်း အလုပ်က

သူ့ကြောင့် ကိုယ့်ရဲ့ အကျွမ်းကျင်ဆုံး ဘာသာရပ်…..

သူ့ရဲ့ ယာယီ ခေတ္တ…အကြင်နာ အယုယတွေကို

ရီဆိုင်ကယ်လုပ် ပြန် ပြန် သုံးရင်း….

ဆုံးရှုံးခြင်းတွေ ကုစားနေတတ်တာကလည်း….

သူ့ကြောင့် ကိုယ်တတ်မြောက်ခဲ့တဲ့ ပညာတစ်ခုပဲလေ….။

 

ရင်ကွဲနာတွေ ဖိစီးလာတိုင်း….

ရှိုတ်သံစွန်းနေတဲ့ မမ်မိုရီထဲ……

ကိုယ့်ကိုယ်ကိုယ် လွှင့်တင်လိုက် ပြန်ရုပ်လိုက်နဲ့….

သစ္စာတွေ အာနိသင်ပြယ်စေသူ….သူကတော့…

ကိုယ်နဲ့ ဝေးတဲ့အရပ်မှာ….သူမကို ချစ်ခင်လိုက်…..မြတ်နိုးလိုက်နဲ့ပေါ့….။

 

ရင်ခွင်သီအိုရီအရ….

နှစ်ထဲက တစ်ကို နှုတ်ကြည့်တဲ့အခါ…

ကိုယ်ဟာ ပျော်ရွှင်ခြင်းတွေနဲ့ ကာလများစွာ ဝေးကွာလာခဲ့…..

သူဆိုတာကို ဖျောက်ဖျက်ဖို့အတွက်….

ချစ်ခြင်းတွေ ၀ှက်…..အင်အားတွေ ဖြည့်မယ် တွေးတိုင်းလည်း…

ကိုယ့် အနာဂတ်တွေ….အလိုလို ချိနဲ့လာတတ်တယ်….။

 

ဒီလိုနဲ့ပဲ…….

စိတ်ရဲ့ တစ်ထောင့်မှာ…သူရှိနေမှ

ရွေ့ရွေ့လျားလျား နေသားကျနိုင်တဲ့ကိုယ်……

အချစ်ရဲ့တန်ခိုးနဲ့….

အဆုံးစွန်ထိ…..လွမ်းချင်းတို့ ရသဖွဲ့

နေရစ်ခဲ့ရခြင်းကိုပဲ အခွင့်ထူးသူသဖွယ်…..ယူဆလျှက်….

အတိတ်နဲ့ မျှော်လင့်ချက်တွေကြား ဂုဏ်မောက်နေတတ်တယ်….။  

 

အလွမ်းကေသရီ 

In: ကဗျာ Posted By: Date: Dec 21, 2013
Comment #1

အစ အဆုံးကြိုက်တယ်

commentinfo By: ရီဝေ့သော at Feb 14, 2014
Comment #2

ကိုယ် အမုန်းဆုံး…. နားလည်ပေးရခြင်း အလုပ်က
သူ့ကြောင့် ကိုယ့်ရဲ့ အကျွမ်းကျင်ဆုံး ဘာသာရပ်…..
သူ့ရဲ့ ယာယီ ခေတ္တ…အကြင်နာ အယုယတွေကို
ရီဆိုင်ကယ်လုပ် ပြန် ပြန် သုံးရင်း….
ဆုံးရှုံးခြင်းတွေ ကုစားနေတတ်တာကလည်း….
သူ့ကြောင့် ကိုယ်တတ်မြောက်ခဲ့တဲ့ ပညာတစ်ခုပဲလေ

commentinfo By: ei lay at Feb 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment