Professional Authors

အလွမ်းသို့…အသုံးတော်ခံခြင်း(၁)

ဟိုတစ်ဖက်ကိုလှမ်းမယ်ဆိုလဲ

ဒီတစ်ဖက်ကိုတော့

လွှတ်ချခဲ့ပါကွယ်…

 

ချည်ပြီးတုပ်ပြီးဖြစ်နေမှတော့

သနားပြနေလို့လဲမထူးဘူးမဟုတ်လား..

မတွေဝေစမ်းပါနဲ့ကွယ်

အစကတည်းကနင့်လက်နက်က

သေစေဖို့ပဲရည်ရွယ်တာမဟုတ်လား…။

 

ဘယ်ရာဇ၀င်မှာမှလဲ

သူရဲကောင်းမဖြစ်ချင်ပါဘူး

နင့်ရှေ့မှာတော့ရင်ဖွင့်ပြီးကြိုရဲပါရဲ.

ပြစ်လိုက်စမ်း…မြှားချက်တွေ

(ဒါပေမယ့်)

ရင်အုံတော့မမှားစေနဲ့ပေါ့…။

 

အဲဒီလမ်းက

ငါဖောက်ခဲ့တာမှန်ပေမယ့်

နင်လဲလျှောက်ခဲ့တာပဲလေ

တိမ်တွေပေါ်အရုပ်ရေးသလို

ခဏတစ်ဖြုတ်တော့မဟုတ်ဘူး

ငါ့အတွက်တော့

ဘ၀တစ်သက်တာတည်နေမှာပါ…။

 

ကောင်မလေးရယ်

ကြယ်တွေတောင်ကြွေတတ်သေးတာပဲ

ငါလဲငိုတတ်ခဲ့ပါတယ်

ဒါပေမယ့်….

အဲဒါ…

ငါငိုတာမဟုတ်ဘူး…

မျှော်လင့်ခြင်းတွေအရည်ပျော်သွားတာပါ…။

 

တောင့်တခွင့်ဆိုတာရှိသေးရင်

….ပြန်လာပါ

ပြန်လာပါငါမပြောပေမယ့်

ပြန်လာပါ….

မငုံ့လျှိုးတတ်တဲ့ငါ့မာနကြောင့်

ပြန်လာပါငါမပြောပေမယ့်

ပြန်လာပါ…။

 

ငါ့စိတ်တွေက

တစ်လမ်းဝင်တစ်လမ်းထွက်

ခြေလှမ်တွေတိုင်းလဲအလွမ်းပဲပွင့်တယ်…

မောပါစေဦး

ငါဆက်လျှောက်နေဦးမှာ

လိုက်တမ်းပြေးတမ်းမကစားတတ်တော့လဲ

တစ်နေရာမှာ ခွေအိပ်နေတာ

အကောင်းဆုံးမဟုတ်လား….

ဟိုးရှေ့က

အစနဲ့အဆုံး

တစ်ထပ်ထဲကျတဲ့နေရာမှာ

ငါနားမယ်…။

 

ကျန်နေခဲရ့ရင်တောင်

လွမ်းခွင့်တော့ရှိသေးတယ်မဟုတ်လား။

သောကအပူတွေနဲ့ငါ့ကိုယ်ငါ

ပြန်လောင်ကျွမ်းလို့

ကြယ်မခင်းတဲ့ကောင်းကင်အောက်မှာ

အချိန်တွေသာတရွေ့ရွေ.စားသွားတယ်

ငါ့မျှော်လင့်ခြင်းအနာဂတ်

ငါပြင်သလောက်လဲမသပ်ရပ်ခဲ့ပါဘူး..။

 

အရိုးစွဲလာတဲ့ငါ့ဗီဇ

ငါကိုယ်တိုင်တောင်ဖျက်မရဘူး

နင်ပွင့်မယ့်မနက်ဖြန်အတွက်

ငါကြိုပြီးရေမလောင်းပေါင်းမသင်ချင်ဘူး

ကျောပေါ်ထမ်းထားတဲ့ဒီအလွမ်း

မခမ်းနားပါစေဦး

ငါဘယ်တော့မှမဖယ်ရှားဘူး..

နင့်ရှေ့မှာမြိုသိပ်လို့

မာကျောပြချင်ပါရဲ.

အခွင့်များရှိခဲ့ရင်

တစ်နေ့နေ့မှာငါလဲမင်းလိုမေ့ပါရစေ…။     ။

                                              နေညို

 

In: ကဗျာ Posted By: Date: Jun 18, 2010
Comment #1

စကားလုံးဖွဲ့တာ အရမ်းကောင်းတယ်

commentinfo By: thukhacho at Jun 18, 2010
Comment #2

လန်တယ် ကိုနေညိုရေ ။ အပီ လန်တယ်။ ကြိုက်တဲ့စကားလုံး ရွေးထုတ်လို့မရေအောင် ကိုလန်တယ်။ ဒါနောက်ဆုံး ရေးတဲ့ ကဗျာလားဗျ ?

commentinfo By: သက်ထွေး at Jun 18, 2010
Comment #3

ဖြစ်ချင်တာတွေ မျိုသိပ် ဒါ အမှန်တရားလား
ပြန်လာပါ မပြောချင်လည်း
သူ ပြန်လာမယ် မင်း ထင်နေသလား
မင်း မေ့နိုင်မယ့် တစ်နေ့နေ့ ဘယ်ချိန်များရောက်လာမလဲ
မေ့နိုင်မယ့် တစ်နေ့
တိုက်ဆိုက်မှုရှိရင် မင်း သတိရနေမလား
အရာရာ မေ့နိုင်ရင်တော့ ကောင်းတာပေါ့ကွယ်……

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #4

တကယ်ပါပဲ..စကားလုံးတွေအရမ်းလှတယ်..
ကဗျာလေးအရမ်းနုတယ်..ကြိုက်တယ်ဆိုတာထက်ပိုတဲ့
စကားလုံးမျိုးနဲ့ပြောချင်တယ်…။။။

commentinfo By: Ema Yar at Jun 18, 2010
Comment #5

ဟုတ်ကဲ့အားပေးကြတဲ့အတွက်ကျေးဇူးးအရမ်းကိုတင်ပါတယ်ဗျာ။
ဟုတ်ပါတယ်ကိုသက်ထွေးရေ..။ဒါနောက်ဆုံးရေးတာဗျ..။ခုနကမှပြီးတယ်..။
ပြီးပြီးချင်းပဲတင်လိုက်တာ…။ကိုသက်ထွေးကောင်းတယ်ပြောတာကျွန်
တော်နဲနဲတောင်မြောက်ချင်သွားပြီး…။ဟီးး ဟီး။အားပေးတဲ့လူတွေအကုန်လုံးကိုကျေးဇူးပါဗျာ..။

commentinfo By: naynyo23 at Jun 18, 2010
Comment #6

မြှောက်မနေနဲ့ဦးရှင့် ကိုသက်ထွေးပြောတာက လန်တယ်ပဲ ပြောတာ လန်းတယ် ပြောတာမှမဟုတ်တာ 😛

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #7

ဟုတ်ကဲ့ကျွန်တော်နားလည်မှု့လွဲသွားပါတယ်…။မမြှောက်တော့ပါဘူးး.။
ပြန်ကျသွားပြီ။ ဟီး..။ မနောဖြူလေးရေ အရာရာကိုမေ့လို့မရသေးပေမဲ့မေ့နိုင်အောင်ကြိုးစားဆဲ…မျှော်လင့်ဆဲပါ…။

commentinfo By: naynyo23 at Jun 18, 2010
Comment #8

လန်တာနဲ့ လန်းတာ သိပ်တော့မကွာသလိုပဲနော် ……:)

commentinfo By: thukhacho at Jun 18, 2010
Comment #9

ကိုသက်ထွေးရေလာရှင်းဦးဗျ…။လန်တာနဲ့လန်းတာကို။

commentinfo By: naynyo23 at Jun 18, 2010
Comment #10

ဟားဟား …

လန်တာက လန်းတာထက် expression ပိုမြင့်တယ်ဗျ။ ဥပမာ မင်းကိုငါတော့ လက်လန်ပါတယ်ကွာဆို ဒါလုံးဝအရှုံးပေးတဲ့ အခြေအနေရောက်သွားပြီ။ ဒီကဗျာကလန်တယ်ဆိုတာ ကျွန်တော် လက်မြှောက် အရှုံးပေး ရလောက်တဲ့ အထိ ကောင်းလို့ပါ။ လန်းတယ်ဆိုတဲ့ expression ကတော့ ကြိုက်တယ်ဆိုတဲ့ အဆင့်မှာပဲရှိပါတယ်။ ဖြတ်သွား ဖြတ်လာလေးပေါ့ … ဒီ ကားလေး လန်းတယ် ဒီကောင်မလေး လန်းတယ် 😀

commentinfo By: သက်ထွေး at Jun 18, 2010
Comment #11

သံယောဇဉ်ကြိုး
နှောင်တိုးခွေရစ်
မေတ္တာလွန်ပွဲ
နွှဲလဲမနိုင်
မပိုင်မည့်ပန်း
မလှမ်းခွင့်ချင်
ရင်မှာငြိဆွေး….
မျှော်လင့်နေမည် သက်ထားဆီပေါ့

ဟုတ်တယ်ဟုတ် …. 😛

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #12

ကျေးဇူးကိုသက်ထွေးရေ…။မဟုတ်ရင်ငြင်းနေရဦးမှာ..။ကိုသက်ထွေးရှင်းမှ
ပဲရှုင်းတယ်…။
“သံယောဇဉ်ကြိုး
နှောင်တိုးခွေရစ်
မေတ္တာလွန်ပွဲ
နွှဲလဲမနိုင်
မပိုင်မည့်ပန်း
မလှမ်းခွင့်ချင်
ရင်မှာငြိဆွေး….
မျှော်လင့်နေမည် သက်ထားဆီပေါ့”

ဟုတ်ကဲ့ဟုတ်။အဲလိုပါပဲ မနောဖြူလေးရေ..။

commentinfo By: naynyo23 at Jun 18, 2010
Comment #13

လူတစ်ဖက်သားကို စိတ်ချမ်းသာအောင် ပြောတတ်တာလည်း ကိုသက်ထွေးရဲ့ ပညာပါရမီဖြစ်မယ်။ တော်ပါပေတယ်ရှင်….

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #14

ဟုတ်ကဲ့အဲလိုလဲဖြစ်နိုင်ပါတယ်…။ဘယ်လိုပဲပြောပြောပါ ကောင်းတယ်ပြောပြောဆိုးတယ်ပြောပြော ကျွန်တော့်ကဗျာကိုဖတ်ရှု့ဝေဖန်ကြတာကိုကျေးဇူးပါခင်ဗျာ…။
မနောဖြူလေးရေကျေးဇူးနော်…။ကဗျာတွေလာဖတ်ဦးမယ်…။ပြီးမှပြန်ဝေဖန်
ရဦးမယ်။ 🙂

commentinfo By: naynyo23 at Jun 18, 2010
Comment #15

အဲ မဟုတ်ရပါဘူး မ မနောဖြူလေးရေ … ကျွန်တော် စိတ်မပါရင် အသက်တောင် မရှူပါဘူး။ အဲဒါ လန် တာနဲ့ လန်းတာ ရဲ့ တစ်ကယ့် definition ပါ။

commentinfo By: သက်ထွေး at Jun 18, 2010
Comment #16

တကယ်ကို ထိပါတယ်
ဖတ်ရင်းနဲ့တောင် မြင်ယောင်မိပါတယ်
တကယ် တော် တယ် ။ ပြီးတော့ ဖော်ပြပုံကလည်း အရမ်းကောင်းပါတယ်

commentinfo By: suu suu at Jun 18, 2010
Comment #17

ငါငိုတာမဟုတ်ဘူး…
မျှော်လင့်ခြင်းတွေအရည်ပျော်သွားတာပါ…။

ငါငိုတာမဟုတ်ဘူး…
မျှော်လင့်ခြင်းတွေအရည်ပျော်သွားတာပါ…။

စာသားလေးတွေ ကောင်းတယ်.. ဖြိုး ကောင်းတယ်လို့ပြောတာနော် (လန်းတယ် လည်းပြောဘူး လန်တယ်လည်းပြောဘူး လွဲမှာစိုးလို့ :P) ကိုနေညိုရေးတဲ့ ကဗျာလေးတွေသဘောကျတယ်။
ရှိသေးတယ်.. ကျွန်တော့်ပုံပြင် တို့ဘာတို့ ကောင်း၏။
(: (:

commentinfo By: ဖြိုးဖြိုး at Jun 19, 2010
Comment #18

ကောင်းတယ်ဗျာ…။ကိုနေညိုကဗျာတွေလာမဖတ်ဖြစ်တာကြာပြီ။အခုမှဝင်ကြည့်
ဖြစ်တယ်။ လာရကျိုးနပ်သွားပါတယ်ဗျာ..။အရမ်းကောင်းပါတယ်။

commentinfo By: live at Jul 13, 2010
Comment #19

try hard

mite tal nor .ထိတယ် မိတယ် ငြိတယ် 😛
စာသားတွေပြောပါတယ် ။

commentinfo By: yonlay at Mar 8, 2011
Comment #20

အရိုးစွဲလာတဲ့ငါ့ဗီဇ

ငါကိုယ်တိုင်တောင်ဖျက်မရဘူး

နင်ပွင့်မယ့်မနက်ဖြန်အတွက်

ငါကြိုပြီးရေမလောင်းပေါင်းမသင်ချင်ဘူး

ကျောပေါ်ထမ်းထားတဲ့ဒီအလွမ်း

မခမ်းနားပါစေဦး

ငါဘယ်တော့မှမဖယ်ရှားဘူး..

နင့်ရှေ့မှာမြိုသိပ်လို့

မာကျောပြချင်ပါရဲ.

အခွင့်များရှိခဲ့ရင်

တစ်နေ့နေ့မှာငါလဲမင်းလိုမေ့ပါရစေ…။ ။

စကားကိုရှာမတွေ့တော့အောင်…အ….သွားတယ်…..တကယ်ကိုတော်ပါတယ်…ဗျာ

commentinfo By: terry at Oct 4, 2011
Comment #21

ကျန်နေခဲရ့ရင်တောင်

လွမ်းခွင့်တော့ရှိသေးတယ်မဟုတ်လား။

သောကအပူတွေနဲ့ငါ့ကိုယ်ငါ

ပြန်လောင်ကျွမ်းလို့

ကြယ်မခင်းတဲ့ကောင်းကင်အောက်မှာ

အချိန်တွေသာတရွေ့ရွေ.စားသွားတယ်

ငါ့မျှော်လင့်ခြင်းအနာဂတ်

ငါပြင်သလောက်လဲမသပ်ရပ်ခဲ့ပါဘူး..။

အရိုးစွဲလာတဲ့ငါ့ဗီဇ

ငါကိုယ်တိုင်တောင်ဖျက်မရဘူး

နင်ပွင့်မယ့်မနက်ဖြန်အတွက်

ငါကြိုပြီးရေမလောင်းပေါင်းမသင်ချင်ဘူး

ကျောပေါ်ထမ်းထားတဲ့ဒီအလွမ်း

မခမ်းနားပါစေဦး

ငါဘယ်တော့မှမဖယ်ရှားဘူး..

နင့်ရှေ့မှာမြိုသိပ်လို့

မာကျောပြချင်ပါရဲ.

အခွင့်များရှိခဲ့ရင်

တစ်နေ့နေ့မှာငါလဲမင်းလိုမေ့ပါရစေ…။ ။ ခင်ဗျားကဗျာတွေ ဖတ်ပြီးသွားတိုင်း…ဆွံ့ အကျန်ရစ်တာတွေချည်းပဲ
လေးစားပါတယ်

commentinfo By: sharon myorr myor at Jan 24, 2012
Comment #22

အရမ်းမိုက်တယ်..ဗျာ။

ဟိုတစ်ဖက်ကိုလှမ်းမယ်ဆိုလဲ

ဒီတစ်ဖက်ကိုတော့

လွှတ်ချခဲ့ပါကွယ်…

ချည်ပြီးတုပ်ပြီးဖြစ်နေမှတော့

သနားပြနေလို့လဲမထူးဘူးမဟုတ်လား..

အဲဒီနေရာလေးကို အသေကြိုက်တယ်..။

လေးစားလျက်
နိုးဆက် နေ့

commentinfo By: 13th at Dec 7, 2012
Comment #23

အစနဲ့အဆုံး

တစ်ထပ်ထဲကျတဲ့နေရာမှာ

ငါနားမယ်…။

commentinfo By: sharon myorr myor at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment