Professional Authors

ဝေ …

မျက်ရည်လွယ်တဲ့ 
လိပ်ပြာငယ်လေးရယ်
ငါ့လိုအရောင်တွေဆိုးတဲ့ 
စက္ကူ ပန်းတစ်ပွင့်ထံ … ချဉ်းမကပ်ပါနဲ့  … ။

တာထွက်ကတည်းက မုန်တိုင်း
ငါအပြုံးမပျက်ပဲ ရင်ဆိုင်ခဲ့တယ်
နင်လည်းအပြုံးမပျက်ပါဘူး
အခုတော့ … ငါတို့ ရူးသွားကြပြီ … ။

တွဲလက်တို့ သည်
မြဲချင်သည့်တိုင်
ရှင်ကွဲကွဲရသည်
ဘ၀ပေး ကံကြမ္မာ
ပေးဆပ်ရတော့မည် … ။

အလှပဆုံး အသန့် ရှင်းဆုံး
ချစ်စရာအကောင်းဆုံး
သူမဟာလေ
ဖြူစင်တဲ့ လိပ်ပြာကလေးပင်ဖြစ်သည် … ။

စက္ကူ ပန်းဆိုတာ
လိပ်ပြာတို့ ၏
နားခိုရာ
မဟုတ်ပါ …. ။

ကဗျာမရေးတာကြာလို့  အရေးအသားမကောင်းရင်ခွင့်လွှတ်ကြပါ … ။

In: ကဗျာ Posted By: Date: Nov 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment