Professional Authors

*မြမေချို၊ပင်လယ်၊ကျွန်တော်နဲ့ မျှောက်လင့်ချက်*

ရှပ်ပြေးယာဉ်တွေပေါ် ရောက် ရောက်သွားတဲ့
မြမေချို ရဲ့ စိတ် ကလေး ကို…
စီးကရက်တစ်ဖွာစာ လောက် ဖြစ် ဖြစ်
ဝိုင်တစ်မော့ စာလောက်ဖြစ် ဖြစ် 
ဖမ်းထားလိုက် ချင် တယ်…

ကျွန်တော်တို့ဟာမျှော်လင့်တတ်သူမျိုးပါ မြမေချို
တစ်စုံတစ်ရာအတွက် လျှောက်ခဲ့ကြသလိုမျိုး
တစ်စုံတစ်ရာ အတွက်စောင့်ခဲ့ကြပါတယ်
ပြီးတော့..တစ်စုံတစ်ရာ အတွက်လဲ
ပျောက်ခဲ့ကြဘူး ပါ တယ်..

မြမေချို ရဲ့ အပြုံးဟာ ကမ္ဘာပေါ်မှာ အလှဆုံးလို့ 
ပြောလိုက်ချိန်…နေလုံးကြီးအနောက်ဖက် ၀င် သွားတာမို့
မြမေချိုရဲ့ မျက်နှာကို ကျွန်တော် မမြင် လိုက်ရဘူး

ပင်လယ်ကတိုက်ခတ်လာတဲ့ လေပြေ ဟာ
ငါးခြောက်လှန်းစင်တွေကို လဲ ဖြတ်ပျံလာရတာမို့
သန့်စင် တယ် လို့ ကျွန်တော် မဆိုချင် ဘူး
တစ်ချို့သောအမှန်တရားတွေဟာလဲ…မရိုးသားပါဘူး
(ကျွန်တော် မြမေချိုကို ချစ် သလို မျိုးပေါ့)

ဒဗ်ဗလင် မြို့ရဲ့….နောက် ဖေးလမ်းကြားတွေလိုမျိုး
ကျွန်တော် တို့ မြို့ ရဲ့ လမ်းမတွေပေါ် မြမေချိုက
ဂျင်းဘောင်းဘီဝတ်ပြီး လမ်းလျှောက် ၀င် လာ ခဲ့တယ်။
အနက် ရောင် နှုတ် ခမ်း ပါးပေါ်မှာ
စီးကရက်အဖြူတစ်လိပ် ခဲထားတတ်တဲ့ မြမေချို……
မျှော်လင့်ချက်ဘယ်နှစ်ရာခိုင်နှုန်းများ စားသုံးထား ပြီ လဲ???
( မျှော် လင့်ချက်တွေဟာ ဖြူစင် သလား???
ကျွန်တော် တော့………..မ..ထင်..ဘူး)

ကျွန်တော်တို့ဟာ ယဉ်ကျေးခဲ့ကြပါ တယ်…
ရွှေအတွက် ပဲ ဖြစ် ဖြစ် 
ငွေအတွက် ပဲ ဖြစ် ဖြစ်..
အိုဗျာ…..ဆဲဆို ကြိမ်း မောင်းလိုက် ဖို့ ပဲ ဖြစ် ဖြစ်

ဖန်ပန်းအိုး၊ခန်းဆီးလိုက်ကာစ….မြမေချိုနဲ့ပက်သက်လာရင်
ကမ္ဘာကြီး ပူနွေးလာမှုက အစ…..မြမေချို ရဲ့ ခန္ဒာကိုယ်ပေါ် က
တက်တူးတွေ အကြောင်း အထိ..ကျွန်တော် မှတ်မိပါတယ်….။
ဘာမှမသိသလို လို ပုံမျိုးနဲ့
ကျွန်တော် ဟာ ဘာမှမကြားတော့အောင် နှာခေါင်း ပိတ် သေတဲ့အဆင့်အထိ 
မမိုက်မဲခဲ့ပါဘူး….မြမေချို
(ဘယ်သူမှ မကြားအောင်တော့…ပါးစပ်ပိတ် နေဘူးတယ်)

ပန်ဒိုရာသေတ္တာထဲမှာ နောက်ဆုံးကျန် ခဲ့တဲ့ ပစ္စည်းဟာ..မြမေချိုလား??
ဟန် ဆောင်ခြင်း ဟာ သူမရဲ့ အနုပညာပါလို့
ဟန် မဆောင်ပဲ ၀န်ခံတယ်….။

ကျွန်တော် တို့ဟာ ..မျှော်လင့်တတ်သူမျိုးပါ မြမေချို
(အလွှမ်း မှာ ပဲ…..ဖြစ် ဖြစ် ပေါ့)
Demon13

In: ကဗျာ Posted By: Date: Apr 15, 2012
Comment #1

ကျွန်တော်တို့ဟာမျှော်လင့်တတ်သူမျိုးပါ မြမေချို
တစ်စုံတစ်ရာအတွက် လျှောက်ခဲ့ကြသလိုမျိုး
တစ်စုံတစ်ရာ အတွက်စောင့်ခဲ့ကြပါတယ်
ပြီးတော့..တစ်စုံတစ်ရာ အတွက်လဲ
ပျောက်ခဲ့ကြဘူး ပါ တယ်..
same same feeling . . great poem

commentinfo By: athaekwelmoe at Apr 16, 2012
Comment #2

ဝိုးးးးး လှလိုက်တဲ့ မြမေချို . . ။

commentinfo By: နတ်သမီး at Apr 16, 2012
Comment #3

ကောင်းတယ်လို့ပြောရုံနဲ့တောင် မလုံလောက်ဘူးထင်တယ်ဗျ
ဒီလိုအပြောကဗျာမျိုးကို ကျွန်တော်ကတော့ အရမ်းကြိုက်တယ်
နောက်လည်း အားပေးနေမယ်ဗျာ

အားပေးလျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at Apr 17, 2012
Comment #4

တော်တော်လေး နှစ်သက်မိတဲ့ကဗျာလေးပါ

commentinfo By: အသဲကွဲမိုး at Aug 21, 2012
Comment #5

🙂
🙂
🙂

commentinfo By: ei lay at Aug 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment