Professional Authors

ပြောစရာလေး အဖြစ်…..

ကမ္ဘာဦးကစလို့  ယနေ့ အချိန်ထိ
ပုံပြင်တွေ ကျန်ခဲ့ သေးတာပဲ
မင်းနဲ့ ငါ အကြောင်းဆိုတာ
ပတ်သက်သူတွေ ကြားထဲမှာလည်း
ပုံပြင်တပုဒ်လို ဒဏ္ဍရီဆန်စွာ
ကဗျာ မမှီခဲ့ ရင်တောင်
ပြောစရာလေးတခုအဖြစ်တော့
တည်ရှိနေမှာပါ ……….
ခံစားမှုနဲ့  ရှင်သန်လာပြီး
ပေးဆပ်လိုက်ရသူ တယောက်ရဲ့  ရင်ထဲမှာ
အတိုင်းအဆမရှိ သတိရလွမ်းဆွတ်နေတယ် ဆိုတာကို ချစ်သူ တယောက် ခံစား သိမြင်နိုင်ပါစေ…
In: ကဗျာ Posted By: Date: Dec 14, 2010
Comment #1

ပေးဆပ်လိုက်ရသူ တယောက်ရဲ့  ရင်ထဲမှာ
အတိုင်းအဆမရှိ သတိရလွမ်းဆွတ်နေတယ် ဆိုတာကို ချစ်သူ တယောက် ခံစား သိမြင်နိုင်ပါစေ…

ဆုတောင်းပေးပါတယ်ဗျာ….. သူသိမြင်ပါစေလို့……

commentinfo By: moezat at Dec 14, 2010
Comment #2

ခံစားသိမြင်ပါစေဗျာ .. ကျွန်တော်လည်း ဆုတောင်းပေးပါတယ်

Comment #3

ဟုတ်ကဲ့ ကိုမိုးဇက်နဲ့  လိပ်ပြာရေ…. ကျနော်က အသည်းကွဲနေတာမဟုတ်ပါဘူး အဲ့လို့ အလွမ်းးအဆွေးရေးရတာ ၀ါသနာပါလို့ လေ ……..ဟဲဟဲ

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #4

ပုံပြင်တပုဒ်လို ဒဏ္ဍရီဆန်စွာ
ကဗျာ မမှီခဲ့ ရင်တောင်
ပြောစရာလေးတခုအဖြစ်တော့
တည်ရှိနေမှာပါ ……….

commentinfo By: moehtetaung18 at Dec 15, 2010
Comment #5

ကျိန်းသေသလောက်ပါပဲ ပတ်သက်ခဲ့ဖူးတဲ့ သူတွေ ပြောနေကြမှာပါ.. ကျနော်တို့ နှစ်ယောက်အကြောင်းကို………

commentinfo By: နှောင်းလူ at Dec 15, 2010
Comment #6

ယုံဘူး လွမ်းတာဝါသနာပါတယ်ဆိုတာ… လွမ်းစရာမရှိဘဲလွမ်းစရာလား။။ အသဲကွဲဖူးတာကိုဝန်ခံလိုက်စမ်းပါ ငါ့ညီရာ။ 🙂

commentinfo By: moezat at Dec 15, 2010
Comment #7

ဟုတ်တယ် အဲဒါတော့ ၀န်ခံလိုက်ပါ ။ ပြောစ၇ာလေး အဖြစ်တော့ ၇ှိနေမှာပါ။ ကိုနှောင်းလူ ၇ာ

commentinfo By: genius.jinx28 at Dec 16, 2010
Comment #8

အဟား မဟုတ်သေးဘူးဗျ ကျနော်က အခုလက်ရှိအသည်းမကွဲဖူးသေးပါဘူး
ကောင်မလေးနဲ့ လည်း အဆင်ပြေနေတာပါပဲ
အကယ်၍ သူနဲ့ ပြတ်သွားခဲ့ရင် ဆိုတဲ့  ခံစားချက်မျိုးနဲ့  အသည်းကွဲသမားပုံစံမျိုးနဲ့ ရေးကြည့်တာပါ
ကိုမိုးဇတ်နဲ့ ကိုရဲမင်းခန့် ရေ………..

commentinfo By: နှောင်းလူ at Dec 16, 2010
Comment #9

hin,,,
daw daw r de naw,,ko hnaung lu ka….
ma kaung de a tate na mate ko myar kyo p sar phwe de,,,

commentinfo By: ei lay at Jan 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment