Professional Authors

ဓာတ်မတည့်ခြင်း

      ဓာတ်မတည့်ခြင်း
မွန်..ရေ ..၊ မင်းမှတ်မိဦးမလား
ဂျပန်မှာ ဆူနာမီ မိပြီး
၅ရက်အကြာ ဗုဒ္ဒဟူး နေ့
အဲ့ဒီနေ့က ရန်ကုန်မှာ
မိုးတွေအရမ်း ရွာပြီး
လေအေးတွေ တိုက်တယ်လေ
အပြင်မှာ ဘယ်လောက်အေးလဲ ငါမသိနိုင်ခဲ့ဘူး
သန်းခေါင်ယံကြီးမှ အရူးထ
အင်္ကျီချွတ်ပြီး AeroSmith သီချင်းတစ်ပုဒ်နဲ့
အိမ်ပြင် ၀ါးရံဒါမှာ ငါကနေခဲ့တယ်
ဒါလားမိုးအေးတာလို့ ငါမမေးတော့ဘူး
တခြားလူတွေရယ်မှာစိုးလို့
ဒါပေမယ့်ငါသိတာ ငါ့ရင်ထဲက
မင်းသိမ်းပိုက်သွားတဲ့ ကမ္ဘာတစ်ခြမ်းမှာ
အပူလှိုင်းတွေဖြတ်နေတယ်ဆိုတာပဲ
ဒါပေမယ့် ခံနိုင်ရည်မရှီပါဘူး
နောက်နေ့ကျ ငါဖျားပါရောလား
ဘယ်လိုပြောမလဲ ဒါဓာတ်မတည့်ခြင်းတစ်မျိုးအလား
ဟုတ်မှာပါ ဒါအပူနဲ့ အအေးစာတ်မတည့်တာနေမှာပေါ့

နေ့သစ်
12 pm to 1am
 Wed …….
In: ကဗျာ Posted By: Date: May 2, 2011
Comment #1

ဓာတ်မတည့်တာမဖြစ်နိုင်ဘူး..:D

commentinfo By: ရွှေငါး at May 3, 2011
Comment #2

မပြောတက်ဘူးဗျ …အဲ့ဒီနှစ်ခုမတဲ့တာတော့ အမှန်ပဲဗျို့

commentinfo By: nate thit(နေ့သစ်) at May 10, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment