Professional Authors

ဝင်္ကပါ

ဝင်္ကပါ
တစ်ရွာမပြောင်း သူကောင်း မဖြစ်တဲ့
မျှော်လင့်ချက်နဲ့ ရွက်လွင့်မယ် ကြံရုံရှိသေးတယ်
သေချင်တဲ့ကျား တောပြောင်းဆိုပါလား
ကမ္ဘာပေါ်မှာ ကြားနေနိုင်ငံတွေက ငြိမ်းချမ်းရေး ပိုရပါသလား
လောကကြီးမှာ ဘယ်သူတွေက ဘုရားသခင်ရဲ့ စာမျက်နှာကို ကြိုဖတ်ခွင့် ရပါသလဲ
cyber သံတွေ ဆူညံနေတဲ့ မြို့တွေမှာ အနာဂတ်ကိုရော download လုပ်လို့ ရပါသလား အတွေးတွေနဲ့သာ သန်းခေါင်ထက်ညတွေ နက်ခဲ့ရတာပါ
ဘ၀မှာ အခုထိ ခမ်းနားတောက်ပတယ်ဆိုတဲ့ ကြယ်တွေအတွက်
ခူးဆွတ်ဖို့ လက်တစ်ဖက် မလှမ်းရသေးဖူး…………….။ ( 14th-Nov-2008)

(တစ်ချိန်က တစ်စုံတစ်ရာကို ဆုံးဖြတ်ချက်မချမီ နေ့ရက်များဆီသို့…………….)
(ဂျွန်မိုးအိမ်)
In: ကဗျာ Posted By: Date: Jun 18, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment