Professional Authors

ရုပ်ဆိုးတဲ့ည

ထိုညက
ကြယ်တွေတောင် ဒဏ်ရာရ
မြူနှင်းတွေ ငိုပွဲဝင်လို့
မြက်ပင်တွေ ဦးညွတ်ရင်း
အလင်းရဲ့ အရှုံးနောက်
သန်းခေါင်က ကောက်ကောက်ပါချိန်
ချစ်သူရေ…
ရိုးသားစွာ ၀န်ခံချင်ရဲ့ကွယ်
အဲဒီည
အဖော်မဲ့ ငါ့အတွက်
စိတ်ကူးယဉ်အတွေးတွေနှင့်
မင်းကို လွမ်းတဲ့ညလေ…

In: ကဗျာ Posted By: Date: Jun 23, 2010
Comment #1

အဲဒီညကပေါ့
လမင်းရဲ့အလင်းအောက်
ကြယ်တာရာဒူးထောက်
လှိုင်းကြက်ခွတ်များကမှောက်ရက်လဲကျ
တလက်လက်ထလို့ပေါ့
မင်းခွဲသွားတဲ့ညလေ
ငိုချင်ပါတယ်ဆိုမှ
လမင်းလင်းချက်ကတော့ရက်စက်
ကျတဲ့မျက်ရည်လူမြင်မှာ
ရှက်လွန်းလို့
အမှောင်ရိပ်ခိုဝင်
တရုပ်စံကားပင်အောက်မှာ
တစ်ညလုံးလွမ်းခဲ့ရ
အဲဒါမင်းပစ်သွားခဲ့တဲ့ညလေး
မှတ်မိသေးပါရဲ့လား
အမေးစကားလေးပါးလိုက်ပါတယ်။

Leave Comments

Name*

Email*
Website
Email me whenever there is new comment