Professional Authors

“precious”

မ..
ပုံပြင်တစ်ပုဒ် ပြောပြမယ်….
ကလေးဆန်တယ် ထင်ထင်
အိပ်ရာဝင်ပဲမှတ်မှတ်…
မ..အပျင်းပြေဖို့အတွက်ပေါ့…..

ဟိုးရှေးရှေးတုန်းကနဲ့စ…
စွန့်စားခန်းတွေအလယ်…
ပုံပြင်လေးအဆုံးကတော့
မင်းသားနဲ့မင်းသမီး…
ပေါင်းကြလေသတည်းပေါ့ ….

မ….
သီချင်းတစ်ပုဒ် ညည်းပြမယ်…
ရွှေနားတော်သွင်းပဲ ဆိုဆို…
ချော့မြှူခြင်းလို့ပဲ မှတ်မှတ်…
မ..စိတ်ချမ်းသာဖို့ အတွက်ပေါ့…..

လေပြေညင်းနဲ့ ပန်းတစ်ခင်းကြား…
အခုပဲ ရောက်သွားသလို…
သီချင်းထဲမှာ စီးမြော….
မောသမျှပြေ…
လန်းဆန်းစေဖို့လေ…..

မ…
ကဗျာတစ်ပုဒ်ရေးပြမယ်….
အချစ်အကြောင်းပဲ ထင်ထင်…
ဘ၀အကြောင်းလို့ပဲ မှတ်မှတ်…
မ…ခံစားဖို့အတွက်ပေါ့……

ကဗျာအတတ်နဲ့ ဖန်ဆင်းထားတဲ့
သာယာလှပတဲ့..ကမ္ဘာထဲ…
ချစ်သူလက်ကိုတွဲလို့….
မိုးအဆုံး မြေအဆုံး…..
ပျော်ရွှင်မှုတွေဖုံးလို့ပေါ့…….

မ….
စကားတစ်ခွန်း ပြောမယ်….
ယုံတမ်းပဲ ထင်ထင်….
ညာတယ်လို့ပဲ မှတ်မှတ်..
မ..နားထောင်ဖို့အတွက်ပေါ့……

ဘယ်အချိန်ကြည့်ကြည့်…
ကျွန်တော့်ဘေးမှာ ရှိနေပေးလို့….
ဘယ်ဘက် ရင်ခွင်တစ်ခြမ်း….
နွေးထွေးမှုတွေ ခြုံလွှမ်းတယ်…..

တစ်ဘ၀လုံးအတွက်…..
နားလည်မှုတွေနဲ့ .. အမြဲရပ်ပေးတဲ့
မ..သာ……ကျွန်တော့်ရဲ့
ပါရမီဖြည့်ဘက်လေ………….။

လေးညှို့ရှင်
၁၇.၁၀.၂၀၁၃
(09:37 PM)

In: ကဗျာ Posted By: Date: Nov 6, 2013
Comment #1

<3

commentinfo By: ei lay at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment