Professional Authors

လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ …

လမ်းခွဲ အမှတ်စဉ် ၁၊ ၂၊ ၃၊ …

ဝေး _ ကောင်းကင်ဟာ နှစ်ခု

ကံကြမ္မာ _ ဒါဏ်ရာလှအောင် ဓါးထက်ထက်နဲ့ ခွဲ

ဘယ်လို မလှပခြင်းမျိုးလဲ

ခံစားမှု အဆုံးမသတ်တဲ့ အလွမ်း

                    ကံဆိုးသူ (၁ ၊ ၂ ၊ ၃ ၊ …)

 

လက်ပစ်ကူးခဲ့တဲ့ ပင်လယ်တစ်ခုရှိတယ်

ရုန်းထွက်ခဲ့ကြတဲ့ နွံတစ်အိုင်ကို လွမ်းတယ်

နစ်မြုပ်ပါရစေ … ကောင်းကင် တစ်ခုထည်းအောက်

ဝေဒနာဟာ ဆို့နင် ကြေကွဲ

ညတွေတိုင်း နံပါတ်စဉ် ရွတ်ဆိုသံ

ဒီ … အခန်းထဲ တိုးတိုး … တိုးတိုး…

ကော်ဖီဟာ အလွမ်းရဲ့ သစ္စာရှင်

ဂစ်တာဟာ အလွမ်းရဲ့ သစ္စာရှင်

ကဗျာဟာ အလွမ်းရဲ့ သစ္စာရှင်

ခံစားမှုဟာ နေနဲ့ညကို အပိုင်ဝယ်ရင်း

မိုးလင်းမိုးချုပ် တိုအရာနဲ့ အလုပ်ရှုပ်နေတယ်

သစ္စာဟာ တစ်ဖက်သက်ဆန်တယ်

                   ရာသီ ၊ နာရီ ၊ 

                   အချိန်ဟာ ကြေကွဲမှုမှာ စတေးခံရင်း 

                   နာကျင်မှုကို မက်မက်မောမော စားသုံးနေတယ်။


 

လမ်းခွဲဟာ ၊ တစိမ်းဆန်တယ်

လမ်းခွဲဟာ ၊ ဝေဒနာဆန်တယ်

လမ်းခွဲဟာ ၊

ထာဝရာဟာ ပြောင်မြောက်စွာ ကြေကွဲ …။..။

လူသစ်

In: ကဗျာ Posted By: Date: Dec 6, 2012
Comment #1

Hna lone tar hnit phat twar par de shint.

commentinfo By: ei lay at Dec 6, 2012
Comment #2

လမ်းခွဲဟာ ၊ တစိမ်းဆန်တယ်

လမ်းခွဲဟာ ၊ ဝေဒနာဆန်တယ်

လမ်းခွဲဟာ ၊ …

ထာဝရာဟာ ပြောင်မြောက်စွာ ကြေကွဲ …။..။

commentinfo By: မေပျို at Dec 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment