Professional Authors

ဆွေးရိပ်-(4)

ဆွေးရိပ်-(4)

စကားတွေဆိုပေမယ့် ဓားသွားထက် ပိုထက်နေပါတယ်
ဆင်တူရိုးမှားသာဓကတွေက
လမ်းခွဲခြင်းကို သိပ်မထိရောက်ပါဘူးလေ
ပွင့်ပွင့်လင်းလင်းပေါ့
ငါတို့က အရင်းနှီးဆုံးသောလူသားနှစ်ဦးပဲ……။

နင့်ကို ငါက ဒွိဟ ဖြစ်ခွင့်မပေးဘူး
ပြတ်သားရဲတဲ့ ပုရိသတစ်ယောက်ဖြစ်စေချင်တာ
ဒီ့အတွက်…..
ငါ့ရင်ကိုခွဲ….သူမရဲ့လက်ကိုသာ တွဲပါတော့လေ။

အကွာအဝေးကလည်း သံယောဇဉ်တွေကို
သုတ်သင်ရှင်းလင်းနေတယ်
နင်နဲ့ငါ့ကြား သူမရဲ့ အနမ်းက တံတိုင်းခြားစေတယ်
အနှစ်နှစ် အလလ ဖွဲ့စည်းယုယခဲ့တဲ့ အလွမ်းတွေက
တစ်မိနစ် နှစ်မိနစ်စာ သူမရဲ့ အကြင်နာကို မယှဉ်နိုင်ခဲ့တာတော့…..
အရိုးစွဲလောက်တဲ့ ရင်နာစရာ….။

နင် ပြီးရင် ဘဝ
ဘ၀ ပြီးရင် နင်လို့
ငါ ဇွဲပြင်းပြင်းနဲ့ တက်ကြွနေတုန်း….
နင်က သူမအပါးမှာ ၀ပ်တွား ခစားလို့…..
အလှတရားတွေထဲ
နင် မိုက်မိုက်မဲမဲ ယုံကြည်အားတွေ ကောင်းလွန်းနေတယ်။

နင့်အချစ်နဲ့မှ နေ့ရက်တွေ သစ်စေခဲ့တဲ့ ငါ့ကို
နင် မေ့ပစ်လိုက်ပါ
နင့်ကို သတိရနေမှ လူပီသတယ်လို့ ယူဆထားတဲ့ ငါ့ကို
နင် ထားရစ်ခဲ့ပါ
နင့် နေ့အစ ညအဆုံး အဆင်ပြေမှုတွေ လွှမ်းမိုးနေအောင်
ဆုတောင်းပေးနေတတ်တဲ့ ငါ့ကို….
နင် လမ်းခွဲခဲ့ပါ….။

သူမဟာ နင်ဖြစ်လာတဲ့ တစ်နေ့
နင်ဟာ ငါ ဖြစ်လာတဲ့အခါ…..
နှလုံးသားကို အသုံးချပြီး…..
ပေးဆပ်မှုတွေ ရသမြောက်နိုင်ပါစေ….။

မှတ်ချက်။ ။ နောင်တရဲ့ ထွက်ဆိုချက်တိုင်း…ငါတို့အတိတ်တွေ ကင်းလွတ်နေပါစေပေါ့။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Oct 31, 2013
Comment #1

သူမဟာ နင်ဖြစ်လာတဲ့ တစ်နေ့
နင်ဟာ ငါ ဖြစ်လာတဲ့အခါ…..
နှလုံးသားကို အသုံးချပြီး…..
ပေးဆပ်မှုတွေ ရသမြောက်နိုင်ပါစေ….။
……………………………………..
ကောင်းလိုက်တဲ့ ဆုတောင်းချက်….အားပေးသွားပါသည်။

commentinfo By: နွေ at Nov 1, 2013
Comment #2

သူမဟာ နင်ဖြစ်လာတဲ့ တစ်နေ့
နင်ဟာ ငါ ဖြစ်လာတဲ့အခါ…..
နှလုံးသားကို အသုံးချပြီး…..
ပေးဆပ်မှုတွေ ရသမြောက်နိုင်ပါစေ….။

commentinfo By: natet thit at Nov 2, 2013
Comment #3

အားပေးသွားပါတယ် အစ်မ

commentinfo By: မေပျို at Nov 3, 2013
Comment #4

ကျေးဇူးပါ မေပျို …. နွေရော…..natet thit ရော ကေ့ကဗျာလေးကို အားပေးတာ ကျေးဇူးပါနော်

commentinfo By: ကေသရီ at Nov 3, 2013
Comment #5

ကဗျာတစ်ပုဒ်လုံးကိုကြိုက်ပါတယ်ထပ်ရေးပေးပါဦးနော်ကြွေ အမြဲအားပေးနေမှာပါ….. မကေတစ်ယောက်ဒီထက်အောင်မြင်ပါစေလို့ ဆုတောင်းလျက် ကြွေ…..

commentinfo By: ငွေမှုံကြွေ at Nov 3, 2013
Comment #6

ထပ်ဖတ်နေမိတယ် ကဗျာလေးက ကြွေ နဲ့တိုက်ဆိုင်နေတယ်သိလားမကေ ဒီကဗျာလေးကိုသူ့ကိုပေးဖို့စာအုပ်ထဲကူးယူသွားပါတယ် မကေရော ကြွေ့လိုခံစားဖူးလားဟင်…sorryပါနော် ကြွေမမေးသင့်ပါဘူးလေ..

commentinfo By: ငွေမှုံကြွေ at Nov 3, 2013
Comment #7

ကြွေရေ…..ကဗျာသက်သက်ပါပဲရှင် အားပေးတာ ကျေးဇူးနော် 🙂

commentinfo By: kaythari at Nov 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment