Professional Authors

>>>အတွေးရိပ်

တောတောင်အုပ်ဆိုင်း
ညိုမှိုင်းမှိုင်းတိမ်လွှာ
ရွာမယ့်ဟန်တပြင်ပြင်
အားမာန်လျှော့ကာ
ရှောင်ခွါပြေးလေသလား  မိုး……..

လေရူးတစ်ဟုန်ဟုန်
သံမြိုင်အောာ်ရင်း
ပင်အိုကြီးမှာ ကြင်နာမှုကင်းမဲ့စွာ
တိုက်ခတ်ကာ တိုက်ခိုက်နေသလား
မုန်တိုင်းရယ်……

သာယာဝင်းပ  တောက်ပအလင်း
ပေးစွမ်းပြီးမှ
တိမ်ထဲမှာပဲ ပုန်းကွယ်လေသလား
လမင်းရယ်………..

အစွဲအလမ်းကြီးသူမို့
တိမ်ူရှောင်ပြေးလေသလား
ချစ်သူ…
စိတ်အားငယ်သူမို့
နှိပ်စက်နေသလား
ချစ်သူ…
အထီးကျန်သူမို့
အကျည်းတန်အောင်
ထားခဲသလား
ချစ်သူ…။

မိုးကိုလည်း မျှော်နေမယ်
လေအလာကိုလည်း
မနှစ်သက်ဘူး
အမှောင်မှာ ခိုဝင်ရင်း
အတွေးနဲ့  ဆွေးမြေ့ခဲ့သူတစ်ယောက်
အလင်းလာမယ့်  နေ့တစ်နေ့ကို
စောင့်နေမယ်  ချစ်သူ…………။      ။
                                    Presented By:
                                   ဇော်သက်ဦး(Ayatekalay)

In: ကဗျာ,Others Posted By: Date: Jun 3, 2011
Comment #1

မိုးကိုလည်း မျှော်နေမယ်
လေအလာကိုလည်း
မနှစ်သက်ဘူး
အမှောင်မှာ ခိုဝင်ရင်း
အတွေးနဲ့ ဆွေးမြေ့ခဲ့သူတစ်ယောက်
အလင်းလာမယ့် နေ့တစ်နေ့ကို
စောင့်နေမယ် ချစ်သူ…………။ ။
……………….
ခံစားအားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Jun 3, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment