Professional Authors

ရိုးသားစွာ…ကျေးဇူးပါ

ကဗျာတွေရေးချင်တာရေးချင်တာ..

ဘယ်လိုရေးရမှန်းမသိဖြစ်နေခဲ့တယ်

တွေ့လိုက်ပါတယ်…တကယ့်ကိုဆရာကြီးနဲ့

ပြောနေပါတယ်..အမှန်တရားတွေတဲ့

ယုံခဲ့ပါတယ်..ရိုးသားစွာ..စိတ်ပူပေးခဲ့မိပါတယ်..ရိုးသားစွာ

ကျေးဇူးလဲတင်ပါတယ်..ရိုးသားစွာ..

ကဗျာတွေရေးချင်စိတ်ပဲရှိရာကနေ

တကယ်ရေးဖြစ်တဲ့အထိ

ကုန်ကြမ်းတွေပေးခဲ့လို့

ကျေးဇူးထပ်တင်ပါတယ်…ရိုးသားစွာ

ဒါပေမဲ့..အခုတော့ရိုးသားစွာပဲမျက်နှာဖုံးစွပ်ခဲ့မိပီ

ရိုးသားစွာပဲ..ဝန်ခံလိုက်တော့မယ်

စိတ်ရင်းနဲ့ကျေးဇူးတွေတလှေကြီးတင်ခဲ့တယ်…နင့်ကို။။။။။။

(ခံစားချက်အစစ်မှန်များသာဖြစ်ကြောင်း)

In: ကဗျာ Posted By: Date: Jan 26, 2011
Comment #1

ဟုတ်ကဲ့…ကဗျာပါရှင့်…
ကျန်တာတွေအတွက်ကတော့အဖြေမရှိပါဘူးရှင်..

commentinfo By: Shwe Ngar (ရွှေငါး) at Jan 26, 2011
Comment #2

ခံစားချက်ကိုရုပ်လုံးဖော်တဲ့ စကားလုံးရွေးချယ်မှု့ မှာ
အပြောဘာသာစကားဟာလူတိုင်းတက်နေတော့ကဗျာဆရာဟာအဲ့ ဒီစည်းရိုးထဲကဖောက်ထွက်ရမယ်ညီမရေ။
ဒိုင်ယာလော့ တွေထဲမှာအတွေးအခေါ်တွေထည့် ပေးသင့် တာပေါ့ ။ကဗျာလေးကမဆိုးပါဘူး
ရိုးသားရမယ်။ဒါပေမဲ့ မအီစေနဲ့ ညီမရေ။။။။။။။။။။။
မင်းလူန

commentinfo By:ုမင်းလူန at Jan 27, 2011
Comment #3

ဟုတ်…ပထမဆုံးကျေးဇူးတင်ပါတယ်..ဖတ်ပေးတဲ့အတွက်..
ပီးတော့သင်ပြပေးတဲ့တွက်..ဟုတ်…ညီမကစိတ်ထဲထင်နေတာလေးကိုရေးချလိုက်တာပါ..
ခုချိန်ထိဗလာပဲရှိသေးတယ်အစ်ကိုရဲ့ကဗျာနဲ့ပက်သက်ပီးတော့..
စကားလုံးမကြွယ်ဝတာလဲပါမယ်နဲ့တူပါတယ်..အစ်ကိုပြောမှသိတာလေ..
တကယ်ကျေးဇူးတင်ပါတယ်..

commentinfo By: ရွှေငါး at Jan 27, 2011
Comment #4

ရွှေငါးရေ ….. Poemscorner လူစာရင်း အမှတ်မထင် တွေ့လိုက်တော့
အံ့သြ သွားတယ်…ရေးပါ ဆက်ရေးပါ…. ရေးချင်တာကို ရေးပါ……
….
းး
းးး
အစတော့ ခဲရင်းတယ် ထင်ရတယ်…..
နေ့သစ် အကြံပေးချင်တာက …..အကြမ်းပဲ ဖြစ် ဖြစ် အနုပဲ ဖြစ်ဖြစ်
ရင်ထဲမှာ ရှိတဲ့အတိုင်း ဖော်ပြ ဖွင့်ဆို ချပြ ရဲတဲ့ စိတ်ရှိဖို့ပဲလိုတယ်…….
ရဲရဲ ကြီးသာ ဖွင့်ချပြလိုက်ပါ……

commentinfo By: nate thit(နေ့သစ်) at Feb 13, 2011
Comment #5

“ကလောင်မူ”

Pro တန်းဝင်ကဗျာဖြစ်ဖို့
ဆန်ဒကို ကာရံနဲ့အနားကွပ်လို့…
အာဏာ ကောင်းကင်အောက်ကထွက်
လက်နက်မိုးရေ ဆိုရင်ဆိုပါစေ
အရှက်ဆိုတာငါ့အတွက်မလိုဘူး
ရဲဝံ့စွာ ခင်းကျင်းချပြ
နင်းရက်သူတွေ ဆင်းတက်
မြင်တက်သူတွေသာ ကွင်းလျှက်သွားမယ်
ကလောင်မူ ငါကျင့်သုံး
ထောင်မမြင် ဒါဘာအမှု့တုန်း…..

နေ့သစ်…..

commentinfo By: nate thit(နေ့သစ်) at Feb 13, 2011
Comment #6

ကိုနေ့သစ်ကြီးကျေးဇူးပါ…။ ကဗျာလာဖတ်ပေးလို့လေ…တကယ်ကျေးဇူးတင်ပါတယ်…. 😀

commentinfo By: ရွှေငါး at Feb 14, 2011
Comment #7

တစ်ကယ်ကို ကျေးဇူးတင်ရင်
မင်းတင်ပါးမှာ ငါ့နာမည် ဆေးမင်ကြောင်ထိုးထားပါ ကလေးမရယ်

commentinfo By: ဆရာကြီး at Feb 18, 2011
Comment #8

ေ၇းခဲ့တာတွေအားလုံးကောပြောနေတာတွေေ၇ာတော်တော်စိတ်ပျက်စ၇ာကောင်းပါတယ်

commentinfo By: ရွှေငါး at Feb 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment