အချစ်ဆိုသည် အဘယ်၇ာနည်း…. ???
အချစ်ဆိုသည်
၇ယူခြင်းထက် ပေးဆပ်မြတ်၏
သို့ပေငြားလည်း
၇ယူလိုခြင်း ကင်းဝေးအ၇ှင်း
ချစ်ခြင်းမည်သူ ၇ှိပေလိမ်.မည်နည်း။ ။
ချစ်သူကြင်သူ မြတ်နိုးသူတိုင်း
ပေါင်းဖက်တူပျော် ဘ၀ဖော်ဖြစ်
မခွဲအတူ ယှဉ်ကာလက်တွဲနိုင်ေ၇း
မြတ်ဘု၇ားထံ တောင်းဆုခြွေသည်
ဖြစ်မြဲ ဓမ္မတာ
မှန်ကန်စွာ၏ ။ ။
၇ယူလိုခြင်း ၇မ္မက်မင်း
လွန်စွာကြီးသော်
သ၀န်တိုခြင်း သံသယမကင်း
လှိုက်စား၇မ္မက် အချစ်ပျက်၏ ။ ။
ပေးဆပ်ချစ်ခြင်း ဖြစ်တည်ခဲ့သော်
၇ယူလိုခြင်း အနည်းအကျင်း
မလွဲသေချာ ကျန်ပေ၇ာ
သို့ပေငြားလည်း အေးမြစိတ်တွင်း
ငြိမ်းချမ်းခြင်း ဖြစ်ခြင်းမှန်၏ ။ ။
အသင်ေ၇ာ ချစ်ခြင်းမည်ပုံ
ကောင်ထည် ဖော်လိုသနည်း ။ ။
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service