Professional Authors

နင်ပျော်မယ်ဆိုရင်………

လေထဲမှာ အိမ်ဆောက်ပြီး
စိတ်ကူးယဉ်သက်သက်နဲ့
အချစ်တိုက်ပွဲကို မပြင်ဆင်ဘဲ
သူရဲကောင်းဝင်လုပ်ခဲ့လို့
အလွမ်းဇာတ်ကို ငိုချည်းနဲ့အဆုံးသတ်ရမလို
အပြုံးနဲ့သတ်ရမလိုပဲ ဒီရင်မှာ တစ်ယောက်တည်း
ခံစားနေရပြီး သက်ရယ်..

အချစ်ဆိုတာကို
မင်းနဲ့တွေ့ပြီး ခံစားနားလည်တတ်လာမှ
ရုတ်တရက်ကြီး လမ်းခွဲာကရအောင်တဲ့
နားရှိလို့သာ ကြားရတာ
ကိုယ့်နားကိုတောင် ယုံကြည်မှုကင်းမဲ့ခဲ့တယ်..

ဒါပေမဲ့..
မင်းစိတ်ချမ်းသာဖို့အတွက်
မင်းပျော်ရွှင်ဖို့အတွက်ဆိုရင်
ငါရင်ကွဲပြီး ငိုရလည်းရှိပါစေ
ငါခွင့်လွှတ်နားလည်ပြီး
ပျံသန်းခွင့်ပေးပါတယ်….

ငါဘာမှမတောင်းဆိုပါဘူး
မင်းငိုနေတဲ့နေ့ ကျရင်
ငါဆီကို ပြန်လာခဲ့ပါ
မင်းကို ပြုံးပျော်အောင်
နှလုံးသားနဲ့ရင်းပြီးဖန်းတီးထားတဲ့
ကဗျာလေးတွေရယ် သီချင်းလေးတွေရယ်
မင်းမှေးစက်ဖို့ နွေးထွေးတဲ့ရင်ခွင်လေးရယ်က
အဆင်သင့် စောင့်ကြိုနေတယ်ဆိုတာ
တစ်ချက်လောက် သတိရပေးရင်
ငါ့ရင်ခွင်တစ်ခုလုံး စုတ်ပြတ်နေပါစေ
မင်းကျေနပ်ရင် အချစ်မဲ့တဲ့
နှလုံးသားတစ်စုံကို လိုသလိုသုံးစွဲနိုင်ပါတယ်…

ငါက မင်းအတွက်ဆို ဟာသရုပ်လေးပါ
မလိုချင်ရင် ထားသွားလိုက်ပါ
တစ်ချက်မငြီးပဲ မင်းအနားမှာ
အမာတိုင်ကြီးအဖြစ် ရပ်တည်ပေးသွားမှာပါ.
ဘာဖြစ်လို့လဲလို့ မမေးပါနဲ့
အဲဒီမေးခွန်းကို အဖြေပါရစေနဲ့
မင်းကိုယ်တိုင် အဖြေသိတဲ့နေ့အထိ
ငါစောင့်နေပေးပါမယ်….

ရေးချင်ရာရေး တွေးချင်ရာတွေးပြီး တင်လိုက်ပြန်ပြီး….ခေါင်းစဉ်က ဘာပေးရမှန်းမသိဘူး….
                                                 စိုး…..

In: ကဗျာ Posted By: Date: Oct 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment