Professional Authors

အိမ်မက်နှင့်သာ…

မယုံနိုင်ခဲ့ဘူး…
လက်ကနဲဆုံတဲ့မျက်ဝန်းတွေက
ရင်ဘတ်ထဲထိ ထုတ်ခတ်ခဲ့တာ…
အမှတ်တမဲ့အချိန်ခဏဆီမှာပဲ
ရင်ခုန်သံတွေက
ငါ့နှလုံးသားဆီ
ကြယ်စင်တွေနဲ့အပြိုင်ပန်းဝင်လာခဲ့တယ်…

မခံနိုင်ခဲ့ဘူး…
အေးစက်စက်စကားလုံးတွေအောက်
အကြိမ်ကြိမ်ငါပြိုဆင်းခဲ့ရတာ…
ဝေဒနာတွေမချွေချင်ပေမယ့်
မင်းအတွက်ဆိုအတ္တတွေသိမ်းဆည်းပြီး
ဒူးထောက်ဆိုထောက်ရဲပါတယ်
ဒါပေမယ့်…ကောင်မလေးရယ်
ကျေးဇူးပြုပြီး…
ငါ့မာနကိုတော့ ခ၀ါမချပါရစေနဲ့…

တကယ်တော့မှားခဲ့တာက…ငါ..

ထားခဲ့ပါတော့…
မလိုချင်သူကိုမှ…
ပုံအပ်မိတဲ့ငါ့မျှော်လင့်ခြင်းတွေ
အကြင်နာတိမ်တစ်အုပ်နဲ့ပဲ
လွင့်ပျောက်စေခဲ့တယ်…
အကြင်နာသက်သက် ချစ်ခဲ့တဲ့
ငါ…
အတုံ့အလှည့်တွေမတောင်းဆိုပါဘူး
တစ်ခါတုန်းက ငါ့အိမ်မက်တွေ
မင်းအတွက်နဲ့
ရွှေရောင်လက်ခဲ့ဘူးတယ်…။ ။

နေညို

In: ကဗျာ Posted By: Date: May 21, 2010
Comment #1

ကိုနေညိုရဲ့ကဗျာတွေတော်တော်များများကောင်းတယ်နော်..
ချစ်ခြင်းတစ်ခု၏ ဒိုင်ယာရီ…ဆိုတော်တော်ကောင်းတယ်..
အဲဒီဘက်မှာ comment တွေများနေလို့.ဒီဘက်မှာလာရေးတာ..အဟိ

commentinfo By: နော်ဧရာဝတီ at Jul 8, 2010
Comment #2

ကျေးဇူးအရမ်းကိုတင်ပါတယ် ခင်ဗျာ။မနော်ဧရာဝတီရေကျွန်တော့်ကဗျာတွေကိုအားပေးတဲ့အတွက်ပါ။
အဲဒါတွေကကျွန်တော့်အတွက်တော့အားတွေပါပဲ။ မနော်ဧရာဝတီနဲ့လဲ
သူငယ်ချင်းဖြစ်ချင်ပါတယ် ..။ကျွန်တော့် G Talk Account က
[email protected] ပါ။

commentinfo By: naynyo23 at Jul 8, 2010
Comment #3

ဖတ်သွားတယ်ဗျ ။

commentinfo By: sharon myorr myor at Dec 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment