Professional Authors

Vampire’s Love

ကွာခြားသည့်တို့ ဘဝ
အလှမ်းကာကွာ
အနေကဝေး
အသွင်ကယ်ဝေးသည့်
တို့ ဘဝ
မင်းကလူ………
ငါက………….
မတူအခြေ
မတူသည့်အနေ
မတူခြင်းများစွာနဲ့
ဆန့်ကျင်ဘက်
ရပ်နေသူလေ……..။
ချစ်သူရေ……..
ချစ်လွန်းလို့
ငါလေ
ငါ့၏ တောင့်တ
ငါ့ ရမ္မက် အား
ငါ့ လောဘကို
ငါ့ဟာ ငါထိန်း
ငါမတိမ်းအောင်
ငါလျှာ ငါကိုက်လျှက်ပေါ့…….။
ဘ၀တွေခြား
နေရာတွေဝေး
တို့ဘ၀တွေ
မကွာဝေးပါရစေနဲ့နော်
နေကို ငါမကြောက်
ရေကို ငါမကြောက်
ငါ့ချစ်သူ အတွက်
ငါ အရာရာကို ပေးဆပ်လျှက်ပေါ့
သပ်ကို ယူပါချစ်သူ
မင်းအတွက်
တဒုတ်ဒုတ် ခုန်ဖို့
ကြိုးစားနေတဲ့
ဘယ်ဘက်က နှလုံးသားကိုလေ
မင်းကို ငါ
အန္တရယ် ပေးမယ်ထင်ရင်
မင်းငါ့ကို
အဆုံးသတ်လို့ရနိုင်ပါရဲ့ချစ်သူ…..
ငါ့ချစ်သူ  ဟာ
ငါ့ဘဝ
ငါ့ ထာဝရပါ
ရှင်သန်နေရတာတွေကို
ငါမုန်းလှပြီ
မင်းနဲ့အတူ
သေရတဲ့
အိုမင်းရတဲ့
ဘ၀ကို
ငါမြတ်နိုးတမ်းတမိတာ
အခါခါပေါ့
ငါအစွယ်ကို ငါချိုး
ငါလိုသလို လုပ်လို့မရတဲ့ဘဝ
သွေးတစက် ဘ၀တွေ
မပျက်စေရဘူး
ကတိတွေ ငါပေးချင်ပါရဲ့လေ
ဒါပေမဲ့
လောကနိဗာန်ကို
ငါဝေးမယ်ထင်ပါ့
ညတွေကို နှစ်သက်
ဘ၀တွေကို ထပ် က တဲ့
လောက လောင်းကစားကို
ငါလေ  နှစ်သက်ခြင်းတွေနဲ့
တစ်ချိန်ကတော့
အားရအောင်
အမဲလိုက်အက
ကခဲ့လေရဲ့……..
ဒါပေမယ့်
မင်းအတွက်ဆိုတော့လည်းလေ……..။
ငါအားလုံးကို
နိဒန်းတည်
မုသား မချည်ပဲနဲ့
ငါတည်မှာပါ…။
ချစ်သူ ရေ
မင်းက ငါကိုင်တွယ်နိုင်တဲ့
တစ်ခုတည်းသော
နေရောင်ခြည်မို့ပါ……….။

In: ကဗျာ Posted By: Date: Sep 8, 2011
Comment #1

really nice poem…
ngar chit thu har,,,
ngar ba wa.
ngar htar wa ya par.

commentinfo By: ei lay at Sep 18, 2011
Comment #2

so much like both title & poem.
so much touching to my heart deeply.

commentinfo By: ei lay at Sep 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment