Professional Authors

*၂၀ကျော်*(၂)




ယုတ္တိဗေဒအမှားတစ်ချို့နဲ့
ဆင်ခြင်ခြင်းရဲ့ အပ မှာ ဖြစ် ဖြစ်…..
ဝန်ရိုးစွန်း တစ်ခုခု အောက် က
မစီးဆင်းတော့တဲ့မြစ်တစ်ခုရဲ့…
ရင်ဘက် က ထုတ်ယူလာတဲ့.. 
အေးစက်စက် ကျောက် သားကို….
ကျောသား ၁၂ လက်မ ပေါ်မှာ တင် ထား ရဲ့…
အဲဒါ ၂၀ ကျော် ပဲ….

ရာစုနှစ် ရဲ့ ၅ပုံတစ်ပုံ ဆိုတာ 
သိပ်စိတ်ကူးယဉ်လို့ ကောင်းတာပေါ့ကွယ်….
သူ့ကျောပေါ်မှာဘဒ္ဒကမ္ဘာကြီး ရှိရဲ့….
မြန်မာပြည်မြောက်ဖျား က ဒုက္ခသည်တွေလည်းရှိရဲ့
မသာယာ တဲ့အိမ်ထောင်ရေးဘ၀ နဲ့
ခံစားချကိအဓိက၀ါဒီလည်းဖြစ်ရဲ့
သူရဲ့ တစ်ရက်စာဝင် ငွေကို ပြောင်းလဲရန် မူဝါဒတွေ ချမထားဘူး
ပြီးတော့သူမသိတဲံ ကျန်းမာရေးဒုက္ခတစ်ချို့ နဲ့…
ရိုးရိုးလေး သူတွေးထားတဲံ ထိမ်းမြားလက်ထပ်ခြင်း…..
သူ့မှာဖြစ်ချင်တာတွေပဲရှိနေပြီး…
ခံစားချက်နဲ့ အသိပညာကို အလျှော်အစားမပေးနိုင်ခဲ့ဘူး….

အသက်(၂၀)ကျော်မှာ….
မအောင်မြင် မှုတွေနဲ့..ဆင်ကန်းတောတိုး….
နှလုံးရာဂါ ကို ခံစားရတယ်….
အရက်သောက်တိုင်းငိုတတ်တယ်……
မနာလိုဝန်တိုစိတ်များတယ်…..
ရည်မှန်းချက်ကြီးမားတယ်…….
လိင်ကိစ္စမှာ ဆန္ဒ မပြည့်ဝဘူး….
အသိုင်းအ၀ိုင်းရဲ့ ကျော ပြင်ကို လှေကားထစ် လို့ ထင် တယ်…..
အဲဒီလိုနဲ့…..
သူ့ဒုက္ခဟာ… သူကိုယ်တိုင် ပြု ခဲံ တဲ့မမျှော်လင့်တဲ့ အမှားတစ်ချို့နဲ့ပဲ…
အတွေးအခေါ်ဟာသူ့ကို ပြောင်းလဲပစ်ရဲ့….

သူ့ခေါင်းထဲမှာ ဗုဒ္ဓ၊ဂျေဆစ်၊ဇင်၊လစ်ဘရယ်….
ကားမက်စ်၊ ဂျွန်လော့ခ်နဲ့ ယန်းပေါဆက်………….
သူဘာဖြစ် လာ မှာလဲ….?
ရွယ်တူတွေထဲက.. ဂျက်ရဲ့ ကဗျာကို ကြိုက် တယ်..
ဂျင်မီရဲ့ နှလုံးသားပေါ် က တက်တူး ကို မြတ်နိုးတယ်…
မာရီယာရဲ့ မိန်းမမဆန်တဲ့ အပြုအမူ ကို..စိတ်နူးညွှတ်တယ်….
အဲဒီလိုနဲ့…သူဟာ ဒိုင်ယာလက်တစ် မက်သက် မှာ…..
မတူညီတဲ့အခြေ အနေ နှစ်ခု က မွေးထုတ်လိုက်တဲ့…
စံလွဲတဲံ မကောင်းဆိုးဝါး တစ်ကောင် ဖြစ်သွား ပါလေရော။။။

ငယ်တော့ပိုမှား လို့ကောင်းတယ်…
ဒေါ သ က ရှေ့ တန်း ကတိုက်ပွဲဝင်တော့……
ဆင်ခြေမလိုပဲ…. ကိုယ့် အလွန်ဖြစ်တယ်….
အိပ်မက်ဆိုတာ… သူတစ်ခါမှ မကြိုးစားဘူးတဲ့
ဖြစ်တည်မှု နတ္ထိတရား ပဲ…..
ပြီးတော့…. ရေခဲမုန့်တွေပါတဲ့
ချိုချဉ်နန်းတော်ကြီးလည်းဖြစ် ရဲ့….
အေးလေ…. ငယ် တော့.. ဆေး ခါးတွေမသောက်တတ်ဘူး….
လူတွေရဲ့ မလေးစားမှုကို မသိဘူး….
ဒါတွေနဲ့ ပဲ… သူဟာ အသက် (၂၀ )ကျော် လာတယ်…
(၂၀ ) ကို ထပ် ကျော် လာခဲ့ တယ်……
သူ (၂၀ )တွေ…ကျော် လာခဲ့တယ်………………။………။

In: ကဗျာ Posted By: Date: Sep 25, 2013
Comment #1

🙂

commentinfo By: ei lay at Sep 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment