Professional Authors

လွတ်ချထားတဲ့ အမည်နာမ

အိပ်စက်နေသောသူမအား နိုးပြီး
ခြစားနေသော အိပ်မက်များ အကြောင်း
ပကတိစိတ်နဲ့ မေးခဲ့တဲ့နောက်
အဲ့ဒီရာစုမှာ ငါ့နေရာများစွာ
လေးဖက်လေးလံ မျော်လင့်ခြင်းတွေ
ပိတ်ဆို့တားခံတယ်

မနှစ်မြို့တဲ့ အသိုင်းအ၀ိုင်း
လွတ်လပ်စွာ တောင် အထီးကျန်မှုမရှိခဲ့တော့
ကိုယ့်ဘ၀ကိုယ်တစောင်းနင်း
သောင်းတခုမှာပဲ တင်ချင်ခဲ့တယ်

မျက်ရည်ကို ထမ်းဖို့အတွက်အင်အားမဲ့ချိန်မှာ
ဂီတာဟောင်းတလက်ရဲ့ ဒိုရေမီဖာကြားမှာ
ငါဟာ ကိန်းဟောင်းချင်တယ်

ကွေ့ကောက်နေတဲ့ ငါ့လမ်းကြား
အဖြောင့်မြင်သူတွေအတွက် မရည်ရွယ်ခဲ့လေရဲ့
အတိတ်နဲ့ အနာဂတ်ကြား အပုတ်အသိုးတွေကို
ပြန်မပြင်ချင်တဲ့အတွက်ပါ….

မင်းရဲ့ မေတ္တာတရား
ခွက်လည်ဖော်တွေလောက်တောင်
သစ္စာတရား မပါဘူး

ap

In: ကဗျာ Posted By: Date: Sep 21, 2013
Comment #1

ထပ်ဖတ်တယ်ဗျာ

commentinfo By: မေပျို at Sep 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment