Professional Authors

ပန်းပွင့်ပုံပြင်

ခွ Chess မိထားတဲ့ အလှတရားဟာ
စတေးခံပေးလိုက်တဲ့
နယ်ရုပ်တို့ရဲ့ ပရိယာယ်သာဖြစ်တယ်
၈ မျက်နှာ ခြေလှမ်းအတွက်
ပထမရွေ့ကွက်မှာဘဲ
ငါဟာ အက်ကွက်မိသွားတဲ့ ဘုရင်

ကျိန်စာတွေပျယ်တိုင်း
နှင်းတွေရွာမယ်လို့
ပုံပြင်တိုင်းမှာ မပါဘူးလေ

သေနတ်ကြိုက်တဲ့ ငါ့အကျင့်နဲ့
လက်ပိုက်တတ်တဲ့ နင့်အကျင့်ဟာ
အရွယ်ရောက်တဲ့အထိ အိပ်မက်တွေလွဲခဲ့တယ်
ဒါဟာ ကျားဗိုလ်ဆွဲတဲ့
ပွဲမဟုတ်ဘူးလို့ ဘယ်သူငြင်းမလဲ

အနံ့မပါတဲ့သစ်သီးနဲ့
အရသာမပါတဲ့ ပန်းဟာ
စားပွဲပေါ်မှာ နေရာကြဖို့ ခက်သလိုမျိုး
မတားရက်သူနဲ့
မထားရက်သူဟာ
အတိတ်နဲ့ အနာဂတ်ကြားမှာ
ကန့်လန့်ခံနေတဲ့ ဓားလိုဖြစ်လာတယ်

ကောင်းကင်ကြီးက ငါ့ကိုမစောင့်ဘဲ ငိုလိုက်တိုင်း
မှုန်မှိုင်းနေတဲ့ သိဟ်ရာသီဟာ တိမ်ကျိုးတိမ်ပဲ့တွေနဲ့
ငါ့မျက်ဝန်းကို ပစ်ပေါက်ကြတော့
နင့်ရဲ့ မျက်တောင်ကိုင်းဟာ မျက်ရည်တို့နဲ့ စိုဝိုင်းလို့ ။

 

 

နေမင်းဝေး(ခ)မောင်ရေခဲ – ကောင်မလေးထွက်သွားပြီးနောက် ရက် ၁၉၀ အကြာ …

In: ကဗျာ Posted By: Date: Jun 15, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment