Professional Authors

***သံယောဇဉ်လေးသို့…..***

***သံယောဇဉ်လေးသို့…..***

နင်ရှိတဲ့အရပ်မှာ နေ့ဆို….
ငါနေထိုင်ရာ ဒေသက ည….
ထို့ကြောင့် အိပ်မက်တွေ မတူညီနိုင်တော့ကြောင်း
စာဖွဲ့တဲ့အခါ…ငါတို့ မျက်ရည်ဝဲရရုံပေါ့…။

နှလုံးသားချင်း အလင်းပေးဖို့
အရည်အချင်းတွေလည်း နည်းပါးနေသူတွေမို့
ရင်ခုန်သံတွေ အကျအဆုံးများလာခဲ့တယ်…။
အရင်လိုပဲပေါ့ တီးတိုးဖော်လေးရယ်
ဝေဒနာတွေ နာဖျားလာတိုင်း…
ရန်စကားလေးတွေဆီက ခွန်အားတွေ ယူချင်နေတုန်းပဲ။

သတိရခြင်းတွေ တစ်စုတစ်ဝေးရှိလာတိုင်း
မာနတွေကို delete လုပ်ပစ်လိုက်ချင်…..။
ရည်ရွယ်ခဲ့ဖူးသမျှ….သိုဝှက်ထားခဲ့ကြတော့
ခုဆို…..
နင်က ငါ့ရဲ့ အဝေး…..
ငါက နင့်ရဲ့အဝေး….
အလွမ်းတွေကို ဦးနှောက်တွေနဲ့ ပြေး…ပြေးတိုက်ခဲ့…
ငါတို့ရစ်သမ်တွေ ကဗျာဆန်အောင်
ဘယ်နတ်ဒေ၀တာကို အားကိုးခွင့်ရှိမလဲကွယ် ။

တစ်နာရီချင်း…..ငါတို့ နီးဖို့နောက်ကျလာပြီ…
ခုနစ်သံချီတတ် တတ်နေတဲ့ တမ်းတခြင်းတွေကို
ဖြစ်သင့်သမျှနဲ့ ကန့်သတ်လာလိုက်တာ
ရင်ဘတ်တစ်ခုလုံးလည်း…
နွမ်း ကြွေ မော နေပါပြီ။

ငါ့ သံယောဇဉ်လေးရေ….
ချစ်ခြင်းတွေ တငွေ့ငွေ့ လင်းလာတဲ့ မနက်ဖြန်တွေထဲ
ဝင်္က၀ုတ္ထိစကားတွေ ပယ်ချလို့
အဆွေးတွေထဲက တွယ်တာမှုလေးကို
တစ်ရက်လောက်ဖြစ်ဖြစ် ကယ်တင်ကြရအောင်…
အနာဂတ် တည်ရှိရာသို့ မရောက်ခင်….
(မျိုသိပ်ခြင်းတွေ ခ၀ါချလျှက်….)
တစ်ရက်လောက်ဖြစ်ဖြစ်ပေါ့ကွယ်….။ ။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Sep 9, 2013
Comment #1

အလွမ်းတွေကို ဦးနှောက်တွေနဲ့ ပြေး…ပြေးတိုက်ခဲ့…
…………………….
………………..
………..

commentinfo By: နွေ at Sep 9, 2013
Comment #2

သတိရခြင်းတွေ တစ်စုတစ်ဝေးရှိလာတိုင်း
မာနတွေကို delete လုပ်ပစ်လိုက်ချင်…..။

commentinfo By: ppaung at Sep 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment