Professional Authors

သောကြာ

သောကြာက အရိုင်းအစိုင်းတကောင်လို
မာန်တဖီဖီနဲ့ရွာထဲကိုဝင်ဝင်လာတယ်..
သောကြာကမြင်မြင်သမျှအရာခပ်သိမ်းကို
ဆွဲယူပစ်ပေါက်ပျော်ပါးတယ်…
သောကြာကတချို့လူတွေရဲ့စိတ်ကို
ရှင်လျက်နဲ့သေအောင်ညှဉ်းပန်းနှိပ်စက်တယ်..
သောကြာကဝုန်းဒိုင်းကြဲရောက်ရောက်ချလာပြီး
သူလာကြောင်းဆူညံပွက်ထအောင်အသံပေးတယ်…
သောကြာကတယုတယထုပ်ပိုးထားတဲ့မျှော်လင့်ချက်တွေကို
တဟားဟားအော်ရယ်ပြီးလွှင့်ပစ်တတ်သေးတယ်..
သောကြာကကမ္ဘာအနောက်ခြမ်းကစလို့အရှေ့ခြမ်းအထိ
အာပေါင်အာရင်းသန်သန်နဲ့အော်ချင်ရာအော်တတ်တဲ့အလေ့အထကိုပြုတယ်..
သောကြာကသောကြာပီသကြောင်းပြဖို့
သူထင်ရာသူစိုင်းတယ်…
တုံ့ဆိုင်းနှောင့်နှေးမှုပေါင်းများစွာကိုဖန်ဆင်းတယ်..

အဲဒီလိုနဲ့……
သောကြာကိုစက်ဆုပ်ရွံရှာပြီးမမြင်ချင်တော့တဲ့အဆုံး
သောကြာနဲ့ဝေးဖို့သောကြာရဲ့အနီးဆုံးကိုလာခဲ့တယ်…။။။

အမရာ

In: ကဗျာ Posted By: Date: Jun 17, 2010
Comment #1

အသုံးအနှုံးလေး တွေကို သဘောကျတယ်ကွာ..

commentinfo By: ic23u0 at Jun 17, 2010
Comment #2

ဘာဖြစ်လို့ ဒီနေ့ ကသောကြာနေ့ ဖြစ်ရတာလဲ?

commentinfo By: ပုထုဇ၁ု at Jun 18, 2010
Comment #3

သောကြာကို အနီးဆုံးခေါ်ယူပစ်လိုက်တယ် (ရုံးမတက်ချင်တော့လို့)

စတာဗျိုး … ကဗျာမိုက်၏

commentinfo By: သက်ထွေး at Jun 18, 2010
Comment #4

ဖိုးသောကြာတော့ မျက်ခုံးလှုပ်နေပုံရတယ်နော်….

commentinfo By: မနောဖြူလေး at Jun 18, 2010
Comment #5

သောကြာနေ.မှာမဖတ်မိလို.တော်သေးတယ် 😀

commentinfo By: mawni at Jun 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment