Professional Authors

ကျွန်တော်က..အမှား (သို့) သူက..အမှန်

သူသည် ကျွန်တော်၏ တခုတည်းသော အမှန်ပုစ္ဆာ
ကျွန်တော်သည် သူ၏ တခုတည်းသော အမှားတစုံ
သူ၏နဖူးပြင်သည်
ကျွန်တော်၏ ခပ်ဖွဖွအနမ်းများဆင်းသက်ရာ
မြတ်နိုးမှုဟင်းလင်းပြင်
သူ၏ ပါးတဖက်သည် ရနံ့သစ်တို့မြူးတူးခုန်ပေါက်ခါ
ဆော့ကစားနေသော..ကြင်နာမှာပန်းခင်းတစ်ခု
သူ၏ဖွက်ထားသော အလှတရားသည်
ကျွန်တော် တသက်တာလုံးအတွက်
မရိုးနိုင် မပျင်းနိုင်သော
သဲထိတ်ရင်ဖိုစာအုပ် တအုပ်

သူ…ကျွန်တော့်ကို ယုံသည်
ကျွန်တော် …သူ့ကိုယုံသည်
ထို့ကြောင့်
ကျွန်တော်တို့ အတူတူယုံကြသည်
သူ့တွင်တန်ဖိုးကြီးမားသော အနာဂတ်တစ်စုံရှိ၍
ကျွန်တော့်တွင် ဈေးပေါသော ခပ်ပေပေ အတိတ်တစုံရှိ၏
သို့သော်
သူသာတယ်..ကိုယ်နာတယ်
ကိုယ်သာတယ်…သူနာတယ်
မထည့်တွက်
နှစ်ဦးသဘောတူ ကျေနပ်စွာ
လဲ…လှယ်….ခဲ့..ကြ..သည်

သူနှင့်ကျွန်တော်
စိတ်ကူးတစ်ခုကို ရောမြွှေ၍
သံယောဇဉ်မြစ်ထဲ..မျှောလိုက်သည်
အချစ်ထုထည်ကြီးမားသော
မျှော်လင့်ခြင်း ကမ်းနဖူးတွင် ဆိုက်ကပ်စေဖို့
အတူတကွ ဆုတောင်းခဲ့ကြသည်

သူ၏တိုးတိုးပြောတတ်သော..ရင်ခုန်မှုသည်
အပျော်လွန်၍
ကျွန်တော့်နှလုံးသားအိပ်ရာထဲတွင်
နှစ်ခြိုက်စွာ….အိပ်မောကျ၏

သူနှင့်ကျွန်တော်..မှန်တချပ်လို
ရင်ခွင်ခြင်း..ကျော်ခြင်းကပ်၍
ပြိုင်တူအော်ခဲ့သောအခါ
တြိဂံတစ်ခုလို..ထောင့်သုံးထောင့်ပါသော
နှလုံးသားတစ်စုံဖြစ်ခဲ့သည်။

In: ကဗျာ Posted By: Date: Dec 7, 2011
Comment #1

သူသည် ကျွန်တော်၏ တခုတည်းသော အမှန်ပုစ္ဆာ
ကျွန်တော်သည် သူ၏ တခုတည်းသော အမှားတစုံ

..
နှစ်သက်..သဘောကျခြင်းများစွာဖြင့် အားပေးသွားပါတယ်

commentinfo By: အသဲကွဲမိုး at Dec 7, 2011
Comment #2

wow,,,
kwat ti pe,
same with me…he,,he,,
a chit sit ne phyu sin de tan ya zin tway ka a yar r lone ko a naing ya twar dar lay.
be lu hma phyet se loh ma ya naing bu.

commentinfo By: ei lay at Dec 7, 2011
Comment #3

အားကျလိုက်တာဗျာ…း)

Comment #4

သူ့တွင်တန်ဖိုးကြီးမားသော အနာဂတ်တစ်စုံရှိ၍
ကျွန်တော့်တွင် ဈေးပေါသော ခပ်ပေပေ အတိတ်တစုံရှိ၏……….

commentinfo By: May Kha at Dec 8, 2011
Comment #5

သူ…ကျွန်တော့်ကို ယုံသည်
ကျွန်တော် …သူ့ကိုယုံသည်
ထို့ကြောင့်
ကျွန်တော်တို့ အတူတူယုံကြသည်

ဟုတ်တယ် ကျွန်တော်တို့ အတူတူ ယုံကြပါတယ်ဗျာ။ ကဗျာလေး သိပ်ကောင်းပါတယ်။ လေးစားလျက်ပါ။

commentinfo By: ChIr0N at Mar 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment