Professional Authors

ပဋိဉာဉ်ခံဘွဲ့

မျိုးမြန်မာ ညှိုးရှာခဲ့မို့၊

ကိုးရာမဲ့ချိန်တွင်၊

ရိုးရာကွဲ့ မထိန်ချင်တယ်၊

ပဋိဉာဉ်ခံပွဲ၊

မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊

ဗိုလ်ဆန်ဆန်များကြသပဲ။

 

နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊

လွမ်းလိုက်ဘွယ် တပွဲ၊

မန်းဂိုက်နှယ် ဆင်နွှဲလို့၊

သွင်တနဲ တင့်အောင်၊

ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊

ထိုင်မသိမ်း ဝတ်လို့မြင်ယောင်။

 

မင်းတပါးမေအောင်မှာ၊

မှူးကေသျှောင်ကြို့ပါလို့၊

မြန်မာတို့ ကိုးကြစရာ၊

ဖြိုးကြွသမ္ဘာ၊

ဩဘာဆုခွန်းလှစ်ဖြာတယ်၊

သွန်းမေတ္တာလောင်းပါရဲ့လေး။

 

 တေးထပ်                          (သခင်ကိုယ်တော်မှိုင်း)

Leave Comments

Name*

Email*
Website
Email me whenever there is new comment