” မျိုးစေ့ငယ်ရဲ့ဖခင်ဟာ အမှည့်လွန်သီးဖြစ်တယ် “
အကြောက်တရားမရှိတဲ့ လမိုက်ညက
ကြယ်တာရာတို့နဲ့လမင်းကို ဥပေက္ခာပြု
ရင်ခွင်မည်းမည်းအောက်
တစ်လောကလုံး ထိုးမြုပ်ထားတယ်
အရေးမစိုက်တဲ့ သူတစ်ချို့က
အိပ်မက်လှလှလေးတွေမက်လို့
ဘယ်သူမှမော့မကြည့်လည်း ရင်ငွေ့ပေးမတဲ့
ရီဝေေ၀နဲ့ဂစ်တာတီးသူတစ်ချို့က
\” ဖီးလ်မလာလိုက်တာကွာ\” ဆိုတဲ့အသံ
သူမကြားဘူး
စေတနာကမွေးဖွားလာတဲ့ ဝေဒနာဆိုတာ
ရောဂါတစ်ခြား ဆေးတစ်ခြား
မလိုအပ်ချက်တစ်ခုပဲ လိုအပ်တယ်ဆိုတဲ့အကြောင်း
သူမသိဘူး
အလင်းကိုသူက ကာကွယ်ပေးမတဲ့
သူ့မှာအပေါဆုံးက အမှောင်
အားသာချက်က တိတ်ဆိတ်မှု
 အားလုံးကိုမျှဝေပေးနိုင်သတဲ့လေ
 သူ့မှာစတေးမှုတစ်စုံတစ်ရာတော့ရှိရမယ်
ဘာလဲ ……. ဘာတွေလဲကွာ
အလိုက်မသိတတ်မှုတွေကောကျန်ခဲ့သေးလား
ပဲပြုတ်သည်ပြောတာ မကြားဘူးလား
မင်း………. “မြန်မြန်အရုဏ်တက်စမ်း ” ဆိုပဲ…….။ ။
ဇင်သော့

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 