Professional Authors

သူမသိဘူး

သူမသိဘူး……

အလွမ်းတွေဖွဲ့၊ လွမ်းနေခဲ့လို့
အဆွေးကမ္ဘာထဲမှာ၊ အတွေးများစွာဖြင့်
ခွေယိုင်ပြိုကျ၊ လဲကျတာလည်း
သူမသိဘူး။

နှလုံးသားတစ်စုံအတွက်၊ နမ်းရှိုက်ဖို့ခက်
အသည်းအက်ကွဲ၊ လွမ်းရဲတာလည်း
သူမသိဘူး။

သံယောဇဉ်ကြိုး၊ ရစ်ငင်နှောင်ဖွဲ့
ချစ်ကြိုးသီသ၊ ရင်နှင့်အမျှ
ရှိသမျှစုပုံကာ၊ ချစ်မိသမျှလည်း
သူမသိဘူး။

အပျံသင်ခိုက်၊ တွဲယှက်မမှီ
အတူတကွ၊ မပျံသန်းဘဲ
မောပန်းခြင်းအတွက်၊ အပန်းဖြေရာ
နားခိုရာအဖြစ်၊ ရင်ခွင်တံခါး
ဖွင့်ကာကြိုပြီး၊ စောင့်နေမှာလည်း
သူမသိဘူး………။

!!@@##

In: ကဗျာ Posted By: Date: May 16, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment