Professional Authors

တန်ပြန်

 

ဥပက္ခာတရားတွေ မလိုချင်ပါဘူး ချစ်သူရယ်

ဆိုပေမဲ့

ရခဲ့တာလည်း အဲ့တစ်ခုတည်း

 

ရွှေရင်ခုန်သံတွေ မဟုတ်ခဲ့ပေမဲ့လည်း

နုသစ်လတ်ဆတ်ခဲ့ဘူးပါတယ်

 

သစ်ရွက်နုလေးတွေလို မဖြုစင်ခဲ့ဘူးလို့စွပ်စွဲတယ်ပေါ့

သစ်ပင်အိုကြီးလိုတော့ ကိုယ်မညစ်ပတ်ခဲ့ပါဘူးကွယ်

 

ဟာသမဆန်စေချင်ခဲ့ပေမဲ့

လှောင်ပြောင်သံတွေ ကိုယ်ကြားနေတယ် ချစ်သူ

 

ဒီလိုနဲ့ပဲ

မင်းအချစ်တွေမှာ အရောင်တွေနဲ့

ကိုယ့်အချစ်ကိုလဲ ကာလာတင်ခဲ့လိုက်လေတယ်

 

ကြက်ခြေခတ်X

27.8.13 tue 12:33 PM

 

In: ကဗျာ Posted By: Date: Aug 27, 2013
Comment #1

အရောင်မဆိုးနဲ့

commentinfo By: Than Yaw Zin at Aug 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment