Professional Authors

အချစ် ကံခေလို့ အထီးကျန်စေခဲ့သော်

 

 

အချစ် ကံခေလို့ အထီးကျန်စေခဲ့သော်

 

အချစ် ကံခေလို့….

 

အထီးကျန် စေခဲ့တယ်ဆိုရင်…

 

ဘဝရဲ့ အခန်းကျဉ်းထဲမှာ 

 

လိုအပ်ချက် အပြစ်အနာဆာတွေ

 

ထင်ကျန်ခဲ့ရင်တောင်…

 

ဝေဒနာ ကိန်းထပ်လို့

 

အဖြေရှာခဲ့ပါသော်လည်း…

 

မြင်ကွင်းအိမ်ကျယ် သမုဒယနယ်မှာ

 

သံယောဇဉ် ရစ်တွယ်လျက်

 

ခံစားချက်ကို ရှေ့တန်းတင်ရင်း

 

ဥပါဒါန် စွဲကပ် ဝေဒနာ ခရီးဆက်လို့

 

သံသရာ အဝိုင်းအဝန်းထဲ…

 

အစမထင် မိုင်ထောင်ချီခဲ့ပြီ……။

 

 

တက္ကသိုလ်မြတ်မင်း 

 

http://www.venpunnavamsa2.com/

In: ကဗျာ Posted By: Date: Aug 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment