Professional Authors

ကောင်လေး….

 

ကောင်လေး…

ငါစီထားတဲ့ ကဗျာတွေမှာ

“နင့်ကိုချစ်တယ်“ ဆိုတာတွေပဲ ပြည့်နှက်နေလို့

ရင်ခုန်တတ်မယ်ဆိုရင်လေ

စည်းချက်တွေမှားကုန်လိမ့်မယ်

 

ကောင်လေး….

အပြစ်ကင်းလွန်းတဲ့နင့်ကို

ငါလေ….ဘယ်လိုရမ္မက်တွေနဲ့မှ မချည်ရက်လို့

အဲဒီ့အကြောင်းတရားတွေကြားထဲကပဲ

နင့်ကို ဟောင်းမသွားနိုင်အောင်ချစ်တယ်

 

ကောင်လေး….

နင့်ရှေ့ကငါပါ

တံတိုင်းလိုတစ်မျိုး နံရံလိုသဖွယ်

အရာရာကို ကာကွယ်မဲ့

ဘယ်အရာကိုမှ မကြောက်တဲ့

နင့်ရဲ့ သက်တော်စောင့်လဲဖြစ်တယ်

 

ကောင်လေး….

နင့်ရဲ့ ရွှေမင်းသမီးမဖြစ်ရပေမဲ့

နင်က ငါ့ရဲ့ ရွှေမင်းသား

အရာရာကိုစေစားလို့

ငါဟာ နင့်ရဲ့ မြှားတစ်စင်းလဲဖြစ်ပြန်တယ်

 

ကောင်လေးရေ….

နင့်ရဲ့ငါဟာလေ

မတောင်းပန်ခင်ကပဲ ခွင့်လွှတ်ပြီးသူ

မတောင်းဆိုခင်ကပဲ အရာရာကိုနားလည်ပြီးသူ

ပြီးတော့….

နင့်အတွက်ပဲ ပန်းတွေပွင့်တတ်သူ

နင့်အတွက်ပဲ ရီမောတတ်သူ

ပြီးတော့….

ပြီးတော့….

 

ကြက်ခြေခတ်X

25.5.13 sat

3:55 pm

 

(သိပ်ချစ်ရတဲ့ချစ်သူအတွက်ရေးထားပေးထားတာ။ “နင့်အတွက် ငါကဗျာတစ်ပုဒ်ရေးပေးထားတယ်“ ဆိုတော့ သူက “မယုံပါဘူး“တဲ့။ သူက ကဗျာတွေလဲ ခံစားတတ်မဲ့ကောင်လေး မဟုတ်ပါဘူး။ နင်တို့ရော ငါသူ့အတွက်ရေးပေးထားတယ်ဆိုတာ ယုံလား။ ကဗျာထဲမှာ ငါ့အချစ်ကို ခံစားမိလားဟင်။)

In: ကဗျာ Posted By: Date: Jul 29, 2013
Comment #1

ယုံတယ်

commentinfo By: May Kha at Jul 29, 2013
Comment #2

hote..khan sar mi pr tal..:P

commentinfo By: shwezinmyatno at Jul 29, 2013
Comment #3

ပေါ်လွင်ပါ၏ 🙂

commentinfo By: loafer at Jul 31, 2013
Comment #4

ကဗျာလေးက ခံစားချက်..ပေါ်လွင်ပါတယ်….

commentinfo By: may zune at Jul 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment