Professional Authors

ကွဲအက်နေ……..

ပျော်ပါစေပဲ ရည်ရွယ်ခဲ့တာပါ

ဘာထိခိုက်မှုနဲ့မှ မနာကျင်စေချင်ခဲ့ဘူး

ငါ့ဒဏ်ရာတွေကှို အဆိပ်ထပ်သင့်စေပြီးမှ

နင့်အတွက် ဖြေဆေးပေးခဲ့တာ

ငြင်းမလား ငါနင့်ကိုမချစ်ဘူးလို့…..

 

ဘယ်အတိတ်ကိုမှ ငါမလှန်လှောချင်ခဲ့ဘူး

သေရာပါအလွမ်းတွေနဲ့ ချောင်ပိတ်

ရုန်းမထွက်နိုင်မဲ့ အဆုံးမဲ့ချစ်ခြင်းတွေကြား

ငါလေ…

ဝေဝေဝါးဝါးနဲ့ လမ်းထပ်လျှောက်မိမှာစိုးတယ်

ငြင်းပါဦးကွာ ငါနင့်ကိုမချစ်ဘူးလို့…..

 

ဘယ်သူမှ မမြင်စေချင်ဘူးလေ

ဘာဒိုင်ယာရီမှလဲ မရေးခဲ့ဘူး

နင့်အကြောင်း စာတစ်ကြောင်းတောင်မစီခဲ့ဘူး

ကဗျာတွေ မရေးဖြစ်ဘူး

ဘာဆိုဘာမှ မလုပ်ဖြစ်ခဲ့ဘူး

ငြင်းလို့ရပါပြီ ငါနင့်ကိုမချစ်ဘူးလို့…..

 

ထားလိုက်ပြီဆိုပြီး ထားလိုက်ပါတော့

ပြီးသွားပြီဆိုပြီး မေ့လိုက်ပါတော့

မချစ်တော့ဘူးဆိုပြီး မုန်းလိုက်ပါတော့

မသိတော့ဘူးဆိုပြီး လျစ် လျူ ရှု လိုက် ပါတော့

ဘာမဟုတ်တဲ့ ဘာကောင်ရဲ့

ဘာမှမဟုတ်ခြင်းလိုပေါ့

ငြင်းသွားပါဦးဗျာ ငါနင့်ကို မချစ်မြတ်နိုးပါဘူးလို့….

 

မမြင်ပါနဲ့တော့ မျက်ရည်တွေကို

မကြားပါနဲ့တော့ ငိုညည်းသံတွေကို

မသနားပါနဲ့တော့ နာကျင်နေသူကို

မရွတ်ဖတ်နဲ့တော့ နင့်ရဲ့အမုန်းသမိုင်းကို

မလာခဲ့နဲ့တော့ ချစ်ခြင်းမပါတဲ့ ဒီလမ်းကို

 

ပြီးတော့…..

ငြင်းပစ်လိုက်ပါတော့ကွာ ငါနင့်ကိုလုံးဝမချစ်ဘူးလို့

 

 

ကြက်ခြေခတ်X

နံနက် ၁၁နာရီ  ၃၆မိနစ်

14x3x11 mon

In: ကဗျာ Posted By: Date: Jul 23, 2011
Comment #1

ထားလိုက်ပြီဆိုပြီး ထားလိုက်ပါတော့
ပြီးသွားပြီဆိုပြီး မေ့လိုက်ပါတော့
မချစ်တော့ဘူးဆိုပြီး မုန်းလိုက်ပါတော့
မသိတော့ဘူးဆိုပြီး လျစ် လျူ ရှု လိုက် ပါတော့
ဘာမဟုတ်တဲ့ ဘာကောင်ရဲ့
ဘာမှမဟုတ်ခြင်းလိုပေါ့
ငြင်းသွားပါဦးဗျာ ငါနင့်ကို မချစ်မြတ်နိုးပါဘူးလို့….

commentinfo By: poem.poem28 at Jul 23, 2011
Comment #2

he,,he,,
ti hma ma ti tar.
ti yin d loh be thin par ma le loh.
hote bu lar?
ti aung pyaw ke me so yin d loh be a pyit khan ma le.

commentinfo By: ei lay at Jul 23, 2011
Comment #3

ပျော်ပါစေပဲ ရည်ရွယ်ခဲ့တာပါ

ဘာထိခိုက်မှုနဲ့မှ မနာကျင်စေချင်ခဲ့ဘူး

ငါ့ဒဏ်ရာတွေကှို အဆိပ်ထပ်သင့်စေပြီးမှ

နင့်အတွက် ဖြေဆေးပေးခဲ့တာ

ငြင်းမလား ငါနင့်ကိုမချစ်ဘူးလို့…..great

commentinfo By: အသဲကွဲမိုး at Jul 23, 2011
Comment #4

အားပေးသွားပါတယ်ဗျာ
ကဗျာလေးကောင်းပါတယ်

commentinfo By: moehtetaung18 at Jul 23, 2011
Comment #5

အားလုံးပဲ သမီးနေကောင်းပါကြောင်း
အလုပ်ရှုပ်နေလို့ ဘာမှ မလုပ်ဖြစ်တော့တာပါလို့

commentinfo By: X at Jul 24, 2011
Comment #6

ကောင်းလိုက်တာရှင်
စကားအသုံးအနှုန်းလေးက
လေးစားလျှက်

commentinfo By: sharon myorr myor at Aug 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment