Professional Authors

ခြင်

ကြယ်မရှိတဲ့ ည
လ မရှိတဲ့ည
ခြင်က ငါ့ကို ကိုက်တယ်

မုန်းတီးပေမယ့်
ကဗျာ မပြီးတဲ့ရက်
အမှောင်ထဲမှာ လူစွမ်းကောင်း
ဒီ ခြင်မကိုက်ဆေးလည်း
ငါ လိမ်းနေရမှာပဲ

တစ်ကယ့် တစ်ကယ်
ဟက်စကီး တ၀ီဝီ ရန်ကြောက်
စောင်ခြုံမှောက်ရတဲ့ အချိန်တွေမှာ
တီဗီကလာတဲ့
အမေရိကန် အီရတ် စစ်ပွဲ အကြောင်း
တစ်စေ့တစ်စောင်း လေ့လာရတော့

ခြင်မကိုက်ပဲ သေရတဲ့ဘ၀တွေ
အိုကွယ်
များလှစွာပေ
ဒုနဲ့ဒေး …….. ။    ။

In: ကဗျာ Posted By: Date: Jul 24, 2013
Comment #1

မန္တလေးမှနေတာလား
အဲမှာ ခြင်ပေါတယ်လေ

commentinfo By: Blueskymoe at Jul 24, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment