Professional Authors

“နှင်းဆီရယ်… စိုးရိပ်တယ်”

“နှင်းဆီရယ်… စိုးရိပ်တယ်”

 

အိုကွယ်… နှင်းဆီ

ဖူးငုံဝင့်ချီ အလှစုံညီ

ရနံသင်းထုံ ပန်းသဘာဝ

ပွင့်လို့တင့်တယ် စိုးရိမ်တယ်။      

 

အိုကွယ်… နှင်းဆီ

ပန်းကိုမလို ၀တ်ရည်သာလို

ရနံခိုးသူ ပိတုန်းလိုလူ

သတိထားကွယ် စိုးရိပ်တယ်။      

 

အိုကွယ်… နှင်းဆီ

ခဏသဘော ဆွတ်လို့ခူးယူ

အလှပျက်မှ မျက်ကွယ်ပြုလို့

တစ်လွှာစီချွေ နင်းချေရက်သူ

သတိထားကွယ် စိုးရိပ်တယ်။      

 

အိုကွယ်… နှင်းဆီ

အလှအပြင် အဆိပ်ရှိကြောင်း

ဆူးမာန်ဝင့်လို့ ကာရံထားပါ

ဥယျာဉ်တွင်းဝယ် ဖူးပွင့်ဝေဆာ

အလှဆုံးပန်း ဖြစ်စေချင်တာ

မြတ်နိုးသူ စေတနာပါ။   

 

In: ကဗျာ Posted By: Date: Nov 8, 2012
Comment #1

ကောင်းတယ်နော်

commentinfo By: maypyo22889 at Nov 8, 2012
Comment #2

ဥယျာဉ်တွင်းဝယ် ဖူးပွင့်ဝေဆာ

အလှဆုံးပန်း ဖြစ်စေချင်တာ

မြတ်နိုးသူ စေတနာပါ။ ။

commentinfo By: mayviolet at Nov 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment