Professional Authors

ငါမေ့နေတဲ့ မိုးပြာရင်ခွင်

ငါတို့  ဟာ ပြောင်းပြန်လှမ်းလျှောက်ယုံ သက်သက်  ခြေထောက်တွေ ဆန့်ခဲ့ကြတဲ့ လူသားနှစ်ယောက်ဖြစ်တယ် ငစည်

နင့်/ ငါ့  – လက်ဖ၀ါးတွေဟာ အရာရာမှာ တုံတုံချိချိ
မီးမြိုက်ဖို့  သာ လက်သွက်တတ်တာပဲ ကြည့်လေ

 

နင့်  ကို ငါ မေ့ထားတာရော နင်ကငါ့ကို မေ့ထားတာရော

ငါတို့ နှစ်ယောက် အတူတူ မေ့ခဲ့တာရော မေ့နေတာရော မေ့လိုက်မှာတွေ ရော အားလုံးပေါင်းပြ၊ီး ကြိုသောက်လိုက်တာ

နင့် အပြုံးတွေ ထွက်ကျလာတယ် ။ ဒီကိစ္စ ကို နင် မယုံသင့်သလို ငါကိုယ်တိုင် လည်း မယုံဘူး ငစည်။

 

နင်က စကား စ လိုက်တိုင်း ဟိုဟာ ဟိုဟာ ဟိုဟာ  ဆိုတဲ့ စကားနဲ့ ထစ်ငေါ့လေ့ရှိတာ ငါ သတိမရတော့ဘူး

နင်အကြိုက်ဆုံး အရောင်က မိုးပြာရောင်ဆိုတာ ငါ မသိတော့ဘူး

ငါတရားစခန်းဝင်ပြီး နှစ်ရက်အကြာမှာ ခပ်တည်တည် တရားထိုင်ခန်းထဲရောက်နေတဲ့ နင့် အကြောင်း ငါမမှတ်မိတော့ဘူး

နင့် အာရုံထဲက မီးတောက်လေး ဘယ်အခါ က အပြီးသတ် ငြိမ်းခဲ့လေသလည်း ငါ မသိခဲ့လိုက်ဘူး

ငါ ကတုံးမ ဖြစ်သွားတဲ့နောက် ဘယ်လိုအတွေးနဲ့ နင့်ဆံပင်တွေ ပယ်ပစ်ခဲ့လိုက်သလည်း ငါ မမေးမိခဲ့ဘူး

ကြယ်တာရာ အစုံအလင်နဲ့ ကောင်းကင်ထက် လှေကားဆင့် ခဲ့ကြတဲ့နေ့တွေလည်း ငါ မသိတော့ဘူး

နင် ပဲခြမ်းသုတ် ကြိုက်တာ လည်း ငါ မမှတ်မိတော့ဘူး

နင် ၀တ်လေ့ ၀တ်ထရှိတာ JJ တံဆိပ် ဘောင်းဘီဆိုတာလည်း ငါမေ့သွားပြီ

ငါတို့  နှစ်ယောက် ယူတဲ့ အကြွေးတွေ နင့် အိမ်သူ လိုက်ဆပ်ပေးရတာတွေလည်း သတိမရတော့ဘူး

နင် ရှပ်အကျီင်္လက်ရှည် နဲ့ ပုဆိုးဝတ်ရင် သိပ် လိုက်ဖက်တာလည်း ငါမသိတော့ဘူး

ရေပေါ်ဆီအချစ်တွေ ကြား အမှား လို့  လက်ညှိုးထိုးခံ

စွဲလန်းမြတ်နိုးခြင်းဟာ နင့်ရင်ထဲမှာပဲ ငါရှာတွေ့နိုင်မယ့် ရှေးဟောင်းပုံပြင်တစ်ပုဒ်

ငါတို့  အတူတကွ မိုက်ရူးရဲ ရေးဆွဲခဲ့ကြတဲ့ လမင်းမျှော်သံ ပန်းချီကား အကြောင်းလည်း ငါ မေ့သွားပါပြီ

 

ငစည်

နောက်ဘ၀ မှာ ဆုံကို ဆုံမှ ဖြစ်မှာမို့  ဒီဘ၀ က ကျန်းမာရေးကို လျစ်လျူရှုပြစ်ကြတဲ့ ငါတို့  နှစ်ယောက်ရဲ့ ပေါကြောင်ကြား အိပ်မက်တွေလည်း ငါ မေ့နေခဲ့ပြီ

ငါ အပျိုကြီး လုပ်ဖို့  မဲဒိုင်ခံ ပေးခဲ့တဲ့ နင့် လက်ခုပ်သံတွေ လည်း ငါ မေ့လျော့ခဲ့ပြီ

နင့်အိမ်ထောင်တည်မြဲ အသက်ဆက်ဖို့  ခွဲခွာခြင်းဥပေက္ခာတွေခင်း လမ်း ရှင်းခဲ့တဲ့ ငါ့ အရူးကွက်တွေကိုလည်း ငါ မမှတ်မိတော့ဘူး

 

ငစည်

ငါ့ဆီမှာ အတိတ်တွေရှိသေးတယ် အဲဒါတွေ ပြန်လာရွေးပါ

ငစည်

ငါ့ဆီမှာ အရိပ်တွေ ကျန်ခဲ့တယ် အဲဒါတွေ ပြန်လာ ယူသွား ပါ

ငစည်

ငါ့ဆီမှာ ဒဏ်ရာတွေ စိမ်းနေသေးတယ် အဲဒါတွေ ပြန်လာ သိမ်းပေးပါ

 

 

ငစည်

 

ငါ့မှာ ကြယ် မလင်း တဲ့ ကောင်း ကင် အစုတ်ကြီး ပဲ ကျန်နေခဲ့တယ်

အဲဒါ

နင်

ပြန်လာ အုပ် စိုး လို့  လင်းပ ဝေ ဖြာ ပေးပါ။ ဘယ်လို ခေါင်းစဉ်မျိုးအောက်မှာဖြစ်ဖြစ်ပေါ့။

 

ဒါနဲ့

 

လောကဓံရဲ့ စည်းမျဥ်း စည်းကမ်းတွေ အရ

 

ငါ နင့်ကို တကယ် မေ့သွားပြီ ငစည်။

 

။ဒီကိစ္စကို နင်ယုံမှာ မဟုတ်သလို ငါ ကိုယ်တိုင် လည်း ဘယ်တော့မှ မယုံပါဘူး ။

In: ကဗျာ Posted By: Date: Jul 12, 2013
Comment #1

နောက်ဘ၀ မှာ ဆုံကို ဆုံမှ ဖြစ်မှာမို့  ဒီဘ၀ က ကျန်းမာရေးကို လျစ်လျူရှုပြစ်ကြတဲ့ ငါတို့  နှစ်ယောက်ရဲ့ ပေါကြောင်ကြား အိပ်မက်တွေလည်း ငါ မေ့နေခဲ့ပြီ
………………………………………………………….
တကယ့်ဖြစ်ရပ်မှန်ဆိုရင်တော့ ….. >.<
အားပေးသွားပါတယ်နော်…..

commentinfo By: နွေ at Jul 13, 2013
Comment #2

မမိုးေ၇…အားပေးလျက်နော်….

commentinfo By: newun at Jul 14, 2013
Comment #3

သူကတော့ မိုးပြာရောင်မဟုတ်ဘူးဗျ ပန်းရောင်ကြိုက်တာ

commentinfo By: waiphyo at Jul 14, 2013
Comment #4

ဝူး…. ဘာပြောရမယ်တောင်မသိတော့ဘူး

commentinfo By: jinger at Nov 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment