Professional Authors

အကြောင်းကြောင်း ကြောင့်များ…………..

ပြီးခဲ့တဲ့ အတိတ်
ကျွန်တော့်ဆီကို အရိပ် အဖြစ်
ပြန်လာချေရဲ့……..။
ပျော်ရွှင်ခဲ့တဲ့ ကျောင်းသားဘဝ
အခုတော့ ငါ့အတွက် ဘ၀မှတ်တိုင်လေ………။
မင်းကတော့ ငါ့ရဲ့
ချစ်ဦးသူ ကြင်နာဦးသူ…….
ငါ့ရဲ့ တစ်ဦးတည်းသောသူလေ…….
ပျော်ခဲ့တဲ့နေ့
ပျော်ခဲ့တဲ့ဘဝ
မျက်နှာလေးမြင်ရင်ကိုပျော်ခဲ့ရတဲ့ငါ……….
ဘာကြောင့်များလဲ ကောင်မလေးရေ
ဒီလောက်တောင် ချစ်ဖို့ကောင်းနေတာ……
အသည်းရဲ့တဖက်
ချစ်ခြင်းနဲ့တို့တတွေ
အလဲအထပ် လုပ်ခဲ့တယ်လေ….
အချိန်တွေ ကြာညောင်း
နှစ်တွေပြောင်းတော့
ငါ့ရဲ့ အသည်းကတော့
ဟောင်းမသွားပါဘူး……
မျှော်လင့်ခြင်းနဲ့ရှေ့ဆက်
ငါ့ရဲ့နတ်သမီးလေး
တချိန်မှာ
ငါ့ရဲ့ ရင်ခွင်ထဲ ပြန်လာလေမလား…..
ထွက်သက်နဲ့ဝင်သက်ကတော့
တချက်ချက်နဲ့ပေါ့
ကျောင်းပြီးခဲ့ပြီ
အတန်းတွေပြီးခဲ့ပြီ
မင်းကို ချစ်တဲ့ ချစ်ခြင်းတွေ
ငါ့ရင် ထဲ မှာ မပြီးသေးဘူး
ဘယ်တော့မှလဲ ပြီးမှာမဟုတ်ဘူး…..
အသည်းကွဲ တာလား
လွမ်းတာလား
ဆွေးတာလား ငါမသိ……..
ကွာဝေးနေတာတော့ငါ့သိတယ်
ငါ့နဲ့ ငါ့အသက်နဲ့လေ……..။
ထားသွားတာလား
ပြန်လာမှာလား
ငါမမေးနိုင်ခဲ့
လက်ကိုလွတ်မပေးနိုင်လိုက်ဘူး
ဘာကြောင့်လဲ
ငါ က ဆုတ်ကိုင်ထားခြင်းမှ မရှိတာ
တခါတလေများ
အကြောင်းကြောင်းကြောင့်များ
မင်း ထိုင်ခုံလေးတွေ
ကျောင်းကားလေးတွေ
ကာတွန်းစာအုပ်လေးတွေများ
မြင်ရင် နင့်ရဲ့ ပဟေဠိတွေကို
နှစ်သက်တဲ့ ရူးကြောင်ကြောင်နဲ့
လူတစ်ယောက်ဖြေဖို့ စောင့်နေတာကို
သတိ ရပေးပါချစ်သူ……………..။

In: ကဗျာ Posted By: Date: Dec 13, 2011
Comment #1

အားပေးသွားပါတယ်။..သူလည်းသတိရနေပါစေ..
ဆုတောင်းပေးလိုက်ပါတယ်။

commentinfo By: poem.poem28 at Dec 13, 2011
Comment #2

ok…
ok…
he,,he,,

commentinfo By: ei lay at Dec 13, 2011
Comment #3

good dude!

commentinfo By: sanday talk at Dec 13, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment