Professional Authors

ဆောင်းညအိပ်မက်မြူ

ဆောင်းညအိပ်မက်မြူ

 

ဇာတိမ်ကန့်လွှာ၊ မြူပဝါနှင့်၊

ကဗျာအိပ်မက်၊ နှင်းရည်စက်တို့၊

ဆောင်းရက်ညမှာ၊ ပိတ်ဆီးကာသော်၊

မှိန်ကာဝိုးဝါး၊ မထင်ရှားလည်း၊

ထွင်းသွားထိုးဖေါက်၊ မြင်ရလောက်သည့်၊

မနောက်မကြည်၊ ပီတပီနှင့်၊

ဇာခြည်နောက်မှာ၊ မောင့်ကလျာ၏၊

ရုပ်လွှာဖျော့ဖျော့၊ ကြော့ကြော့လျရှင်း၊

မြအဆင်းကို၊ လမင်းကဗျာ၊

အိပ်မက်လွှာခက်၊ သလွန်ထက်တွင်၊

ညို့ညက်မြင်ခိုက်၊ မောလှိုက်သက်ပြင်း၊

ရှိုက်သွင်းကာငင်၊ သံစဉ်နွဲ့နှောင်း၊

တပြောင်းပြန်ပြန်၊ စောင်းညှို့သံမှ၊

ရုန်းပြန်ထသော်၊

မောလျမပီ၊ သီကရီသို့၊

ရာသီဆောင်းည အိပ်မက်မြူ။ ။

 

ဟယ်ရီ

 

In: ကဗျာ Posted By: Date: Jun 14, 2010
Comment #1

မိုးတွင်းမှာ ဆောင်းတွင်းရောက်ပြီး ကိုရီးယားရောက်သွားသလို ခံစားရမိပါတယ်ရှင်။

commentinfo By: မနောဖြူလေး at Jun 15, 2010
Comment #2

အဲဗျာ … ဘယ်လို ကိုရီးယားက ရောက်သွားရတာပါလိမ့် … 😀

commentinfo By: harry at Jun 15, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment