Professional Authors

စိတ္တဇအိပ်မက်

‘လူမိုက်’တံဆိပ်ကိုနဖူးမှာကပ်ထားတယ်
အရင်ကမိုက်ခဲ့တာတွေအတုယူပြီး
ရှေ့ဆက်မိုက်ဖို့အရှိန်ယူနေဆဲ…..
မလင်းတတ်လို့တော့မဟုတ်ဖူး
အမှောင်နဲ့ငါကတစ်သားတည်းဖြစ်နေပြီ
ဖြည်းဖြည်းပဲ…..
ရှေ့လူတွေလဲကျတာကိုတစိမ့်စိမ့်ကြည့်ပြီး
ကိုယ့်အလှည့်မရောက်ခင်အထိ ရယ်ချင်ယောင်ဆောင်မယ်
ကဲ့ရဲ့သံတွေကိုလည်း
ဟိုဘက်နားကယူပြီး ဒီရင်ဘတ်ထဲမှာသိမ်းထားတယ်
အပျင်းပြေထုတ်ကြည့်ဖို့
ပြီးရင်တော့….
ခပ်မဲ့မဲ့ တစ်ချက်ပြုံးရင်း
လူတွေကိုဆက်ရွဲ့နေမယ်
အမှန်တွေမှားနေတဲ့ခေတ်မှာ
‘အရူး’လို့အပြောခံရတာလည်း
နည်းတဲ့ပါရမီ မဟုတ်ဘူးလေ…
yE THu

In: ကဗျာ Posted By: Date: Jul 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment