Professional Authors

ရိုးရိုးတွေး ရဲရဲပြေး နောက်လှည့်မကြည့်နဲ့။ကောင်မလေးရဲ့ဆံနွယ်တွေ လေပြည်မှာ လွင့်နေသလို

အလွမ်းပြေထုတ်ကြည့်ဖို့ ရိုက်ယူထားတဲ့ငယ်ဘ၀လား၊လွမ်းလို့ပိုကောင်းအောင်
မွမ်းမံထားတဲ့ဓာတ်ပုံလား။လူငယ်ဘ၀ရဲ့လက်က လူငယ်တစ်ယောက်ကို ပုတ်ချတယ်။
တက်ထိုင်မိတဲ့စက္ကန့်ကိုင်းက ကျိုးကျဖို့အဆင်သင့်။အရိုးစွဲအောင် စိုက်ဝင်နေတဲ့တရားကို
ဒဏ်ရာနဲ့ ဆွဲနှုတ်ရတယ်။

လိုအပ်တာထက် ပိုယဉ်ကျေးရင် လူမဟုတ်ဘူး။တခါတလေ ပေါ့ပေါ့ပါးပါး အရင်းအတိုင်း
ကြေကွဲပါ။အဖေနဲ့ကျွန်တော့်အနုပညာ ဓာတ်မတည့်လို့ ကျွန်တော့်ကို အဖေ တွန်းကန်ခဲ့ဖူးတာ
အခု ကျွန်တော် ဆွဲငင်နေမိတယ်။လူငယ်ဆိုတာ မီးခြစ်ဆံတစ်ခြမ်းစာ ထိခတ်မိတာနဲ့
ထတောက်မယ်တကဲကဲ။

ကိုယ်ပိုင်စီးဆင်းမှုတွေ ပျောက်ဆုံးလို့ မဖြစ်ဘူး။
လူငယ်တစ်ယောက်ဟာ လှုပ်နေရမယ်။
လူငယ်တစ်ယောက်ဟာ ရုန်းကြွနေရမယ်။
လူငယ်တစ်ယောက်ဟာ ရွေ့နေရမယ်။
လမ်းကို ကုန်အောင်လျှောက်၊စကားကို ဆောင့်ကြွားကြွား မပြောနဲ့။
(တစ်ချို့ကလည်း လူငယ်ဆိုပေမယ့် သူငယ်ပြန်အဘိုးကြီးလိုပဲ)

အနံ့အရသာမရှိတဲ့ညစာနဲ့ ကန်းနေတဲ့လျှာရဲ့တိတ်တိတ်ပုန်းဇာတ်လမ်းတွေ
ပုံလာမပြောနဲ့။လျှောက်နေတဲ့လမ်းကို သံသယ၀င်လာရင် ခြေထောက်တွေကို
ဖြတ်ပစ်လိုက်။အခါးသက်သက် တစ်ချက်တည်း ကျင်းဝင်အောင် ငုံထားတတ်ဖို့ပဲ။

လသာတုန်း ဗိုင်းငင်သလို ပျော်စရာ၊မိုးရွာတုန်း ရေခံသလို ပျော်စရာ ပြည်တွင်းဖြစ်
ကိုရီးယားမလေးတွေကို ရမ္မက်ပြင်းပြင်း အားပေးပါ။ကမ္ဘာကြီးကို မျက်ခြေမပြတ်ဖို့
အင်တာနက်နဲ့ ချိတ်ဆက်ပါ။ခေတ်ဟာ အပျိုသွေးဝင်စ မယားပါသမီးလို . . .။      ။

                                                                           ကိုသျှား

In: ကဗျာ Posted By: Date: Oct 15, 2012
Comment #1

အားတက်မိတယ်
ကိုသျှားရေ ညီလေး လာအားပေးသွားတယ်။

commentinfo By: gadounlay at Oct 16, 2012
Comment #2

ရေလည်လန်းတယ် ညီလေး။

commentinfo By: ChIr0N at Oct 16, 2012
Comment #3

အရင်လိုပါပဲကိုသျှား….

commentinfo By: SoFarAwayFromU at Oct 16, 2012
Comment #4

။ခေတ်ဟာ အပျိုသွေးဝင်စ မယားပါသမီးလို . . .။ ။

commentinfo By: အသဲကွဲမိုး at Oct 16, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment