Professional Authors

နှစ်သစ်အလွမ်း

မင်းရဲ့အရိပ်
မင်းရဲ့အငွေ့အသက်တွေ မရှိတဲ့
မြို့မှာနေရလို့
အလွမ်းသက်သာမယ် ထင်ခဲ့ရဲ့
အိပ်ရာဝင်တိုင်း
အိပ်ရာထတိုင်း
Key chain လေးတွေမြင်တိုင်း
စာကြည့်မီးအိမ်ကို မြင်တိုင်း
ယုတ်စွအဆုံး
ဝင်သက် ထွက်သက်တိုင်းမှာ
သတိရအောင်
မင်း…လေ့ကျင့်ပေးထားခဲ့တော့
ခက်တယ်………..

သဲကန္တာရမှာတောင်
အိုအေစစ် ရှိသေးတယ်
အသည်းဒဏ်ရာပရပွနဲ့ကိုယ့်မှာ
အချစ်မရှိတော့
ပက်ကြားအက်တဲ့ အသည်းမြေ
ပျော်ရွှင်မှုတွေ
ဘယ်ရှင်သန်နိုင်လိမ့်မလဲ
သက်ရယ်…..

ပိုချစ်ရတဲ့သူက ရှုံးတာပဲ
မင်းကတော့ ပြုံးနေနိုင်မှာပေါ့
နှစ်တစ်နှစ်သေဆုံးလို့
လူတွေပျော်ရွှင်နေပေမယ့်
နှလုံးသားတစ်ခုသေဆုံးလို့
ကိုယ်ဝမ်းနည်းနေတယ်…..

အလွမ်းရယ်…
အချစ်ရဲ့နောက်ကွယ်မှာ
ဘယ်လိုလုံအောင်ပုန်းခဲ့ပါလိမ့်
အချစ်ရယ်…
အလွမ်းရဲ့နောက်ကွယ်မှာ
ဘယ်လိုနာကျင်ခြင်းတွေရှိဦးမလဲ
အို ကိုယ်သာ
ငှက်တစ်ကောင်ဖြစ်ခဲ့ရင်လေ….

In: ကဗျာ Posted By: Date: Jul 3, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment