Professional Authors

၂၀၁၁

နှစ်တစ်နှစ်တော့
အသစ်ပြောင်းသွားတယ်…….

ပြောင်းလဲခြင်းတွေနောက်မှာ
မပြောင်းလဲခြင်းတွေက
ငါ့အတွက် အဆန်းမဟုတ်တော့သလို
မင်းတို့အတွက်လည်း သိပ်အဆန်းကြီးမဟုတ်တာတော့
ငါ သိတယ်………

အိုမင်းသွားတဲ့ နှစ်တစ်နှစ်ကို ဘာလို့ အသက်သွင်းနေကြတာလဲ???
အိုမင်းမှုနဲ့ မတရားမှုတွေ ခြေရာခံပြီး လိုက်လာနေတာကို
ငါတို့ သတိမထားမိတာလား???

ငါကတော့ အသက်တစ်နှစ်ကြီးသွားတဲ့

နှစ်တစ်နှစ်ကို
ဝမ်းနည်းမှု ဒိုင်ယာရီနဲ့ အတ္တမှတ်စုကို

ဆုပ်ကိုင်ရင်း
ဒီအတိုင်းလေးဘဲ ……..ကျော်ဖြတ်သွားဦးမယ်
……………

Comment #1

ဒိုင်ယာရီ ဆိုတာ နှစ်တစ်နှစ်အတွင်းအသုံး ပြုဖို့ထားတယ့်ပစ္စည်းမလို့
နှစ်သစ်အတွက်ဆို အသစ်တစ်အုပ်ဆောင်ထားပြီး
ပျော်ရွှင်စရာမျှော်လင့်ချက်တွေနဲ့ ကျော်ဖြတ်သင့်တယ်ဟုတ်ဘူးလား ….

commentinfo By: နွေးနွေး at Jan 5, 2011
Comment #2

နွေးနွေးပြောတာ မှန်ပါတယ်ဗျာ……… ဆိုလိုတာက ဒီလိုပါဗျာ…………ကျွန်တော့်ရဲ့ ၀မ်းနည်းမှု၊ ကျရှုံးမှုနဲ့ အတ္တကြီးမှုတွေကို ဆက်လက်ယူသွားမယ်လို့ ဆိုလိုတာပါဗျာ၊ ကဗျာလေးကို ဖတ်သွားတဲ့ နွေးနွေးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။။ 🙂

Comment #3

ဟဟ အဒီ့သဘောဘဲပြောတာလေ(ဘာမှမရေးရသေးတယ့်စာအုပ်ကိုဆောင်ထားဆိုတာက) ရှင်တို့တွေလို့ကဗျာဆရာတွေမဟုတ်တော့လည်းပြောချင်တာကိုသူများနားလယ်အောင်ကမပြောတက် ။

commentinfo By: နွေးနွေး at Jan 5, 2011
Comment #4

ဟီးး ……….နွေးနွေးဆိုလိုချင်တာကို ခု သဘောပေါက်သွားပြီ၊ ကျွန်တော်ကိုက လိုတာပါဗျာ…… အတွေးချော်သွားတာ………..ဆော်ရီးနော်…… 🙁

Comment #5

ဟဟဟ ဟုတ်ကဲ့ကျေးဇူးပါ

commentinfo By: နွေးနွေး at Jan 5, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment