Professional Authors

အဖေ…..

သားသမီးတွေကို ၀မ်းနှင့်လွယ်မမွေးခဲ့ပေမယ့်
သားသမီးဘ၀ လှပဖို့ကို ပခုံးနဲ့ သယ်ပေးခဲ့တဲ့ အဖေ……….

သားသမီးတွေအပေါ် အသက်နဲ့ရင်း ချစ်ခြင်းတွေရှိခဲ့သော်လဲ
သူ့ရဲ့ အချစ် ဖွင့်လှစ်ကာမပြ ဆုံးမ တတ်တဲ့ အဖေ…………

သားသမီးတွေနဲ့ တူကာယှဉ်ပြုံး ပျော်ကာမဆုံးနေချင်သော်လဲ
နံနက်မိုးသောက်အာရုဏ်ရောက်ချိန်မှစ
နေ၀င်မိုးချုပ်ထိ တကုပ်ကုပ် အလုပ်တွေလုပ်ခဲ့ရတဲ့ အဖေ…………..

သားသမီးများဆိုးသွမ်းသောခါ စိတ်စေတနာအရင်းခံနှင့်
မုန်းလိုကမုန်း ရိုက်နှက်ကာသာ ဆုံးမ ခဲ့တဲ့ အဖေ……………

အဖေ့အကြောင်းတွေး စာတွေရေးချ ကဗျာတွေသီရလျှင်
အဖေ့ ကျေးဇူး
အဖေ့ မေတ္တာ
အဖေ့ စေတနာ ……….
အရာရာတိုင်း တုနှိုင်းလို့ပင်မှီမည်မဟုတ်

သို့ပါသောကြောင့်
အဖေသည်သာ ဘ၀ပါဟု
အစဉ်အမြဲ ရင်ထဲမှာ
အစဉ်ရိုကျိုး ရှိခိုးဆဲပါ……….

In: ကဗျာ Posted By: Date: May 19, 2010
Comment #1

ယောက်ခထီး ကြီးကျန်းမာပါစေ ချမ်းသာပါစေ….:D

commentinfo By: သဲ at May 21, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment