Professional Authors

အလွမ်းဖြူဆိုင်က အပြန်

သောက်ချက် ကတော့
မှောက်ရက်လဲ မတတ်ပဲ
တစ်ခွက်ပြီး တစ်ခွက် ထည်လဲ
မနက်ကျတော့ ပြန်ဖြေ
ယစ်မျိုးသံသရာရှည် ရင်းပျော်မြူး
ဘ၀ ဆိုတာ သေရည်ဘူးထဲက တစ်ခွက်ပေါ့

ဖန်ခွက် ကိုသေချာမော့ကြည့်
ဟော   မရှိတော့ပြန်ဘူး
မတန်ဘူးကွာ သည်တစ်ခွက်က
ငါ့ အိမ်မက်တစ်စ ရောင်းပြီး သောက်လိုက်ရတာ

ပန်းကန်ထဲက ဟင်းတစ်ဖတ်
လျှာသပ်လို့ အသုံးတော်ခံမြည်းစား
နည်းနည်းတော့ ခါးတာနဲ့ လိုက်တယ်
သြော်  မိုက်မယ်ကြံတဲ့  ငါ့  အသည်းနှလုံး
ခုတော့ အမြည်းတစ်တုံး ဖြစ်သွားပေါ့

မီးလေးတစ်တို့ လောက်ဗျာ
စီးကရက်လေးဖွာရင်း စိတ်ကူး
အခိုးအငွေ့လေးတွေထဲ ကူးခတ်လို့
အိမ်မက်တွေ မျက်ရည်စို့အောင် မွှန် လိုက်တာ

ကဲ  ပိုက်ဆံ ရှင်းမယ် ဟေ့ ….
ဘယ်လောက်ကျတယ် ပြောကြည့်
၁၅၀၀  တော့ မရှိတော့ ဘူးလေ
နည်းနည်းတော့ ညှိရအောင်ဗျာ
ကျွန်တော့်မှာ ရေစိုခံတဲ့ မျှော်လင့်ချက်ရှိသေးတယ်
ဟုတ်ပြီ အကုန်သာယူထားလိုက်
သူ ပေးထားဖူးတဲ့ အနမ်းတစ်ရှိုက်တော့ ပြန်အမ်းပေးပါ
ဝင်သက်ထွက်သက်တွေအတွက်
လွမ်းဆေးတစ်ခွက် ထပ်ဝယ်ရဦးမယ်လေ     ။   ။

In: ကဗျာ Posted By: Date: Jun 29, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment